အာရက္ခတိုင်းမ်စ်(၂၆ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ သံတွဲမြိုမှာ စစ်ကော်မရှင် ဗုံးကြဲလို့ စစ်ရှောင် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သံတွဲမြို့၊ ချောင်းဖျားရှိ ရွာရှည်ကျေးရွာကို မနေ့က ဒီဇင်ဘာ ၂၅ ရက်၊ ည ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ စကော်မရှင်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲချမှုကြောင့် စစ်ဘေးရှောင်ရင်း ရွာရှည်ကျေးရွာကို ရောက်ရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် နော်စေးရေဖော သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းမှာလည်း သံတွဲမြို့၊ အမှတ်(၄)ရပ်ကွက်ကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်ကြဲချခဲ့တာကြောင့် အမျိုးသားတဦးသေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးအပါအဝင် အမျိုးသားတဦး၊ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။