ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်း ပြန်လည်ရရှိဖို့ လျှောက်လဲချက်တင်မယ်လို့ဆို

အာရက္ခတိုင်းမ်စ် (၈ ဇန်နဝါရီ ၂၀၂၆)

29 ရတနာဆိုင်ရဲ့ တန်ဖိုးကြီး ပစ္စည်းများပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ထောင်ချခံခဲ့ရတဲ့ မစိုးစံသူရဲ့ တိုက်ခန်း ပြန်လည်ရရှိဖိုအတွက် လျှောက်လဲချက် တင်မှာဖြစ်တယ်လို့ အမှုကို လိုက်ပါကူညီနေတဲ့ ကိုတင်ထူးအောင်က ဆိုပါတယ်။

“ တိုက်ခန်းကိစ္စက လျှောက်လဲချက် တင်ထားပါတယ်။ ၁၂ ရက်‌နေ့ လျှောက်လဲချက် တင်ရမှာပါ။ ဒီသာကေတနားက တရားရုံး။ အရှေ့ပိုင်းခရိုင် တရားရုံးမှာ တင်မှာ။ ဥပဒေအကြံပေးအဖွဲ့ပေါ့နော်။ ကျနော်တို့ရဲ့ ရခိုင်အမျိုးသားကွန်ရက်ရဲ့ ဥပဒေအကြံပေးအဖွဲ့က ဆရာ ဆရာမတွေ ဆက်လုပ်နေတယ်။ အဲ့ဒီ တိုက်ခန်းက မသက်ဆိုင်ပဲနဲ့ပေါ့နော်။ အရင်တည်းက သူတို့က ဝယ်ထားတာပေါ့။ ဒီဟာကို အမွေရလို့ပေါ့နော်။ ဒီ သရက်တောင်က သူ့မိဘတွေ အမွေရလို့ ဝယ်ထားတာ။ ဆက်စပ်မှုရှိတယ်ဆိုပြီးတော့ သိမ်းဆည်းထားတဲ့ပုံစံ ဖြစ်နေတာပေါ့နော်” လို့ ကိုတင်ထူးအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မစိုးစံသူဟာ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ ကိုတင်ထူးအောင်နဲ့အတူ ပြည်သူ့ပါတီမှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးလောင်း ဦးသာစိန် တို့က လိုက်ပါ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ကတော့ လောလောဆယ် အဲ့ဒီ ၁၂ ရက်နေ့ အခြေအနေကို စောင့်ကြည့်ဖို့ရယ်။ ရှေ့နေတွေနဲ့ သွားတွေ့တာတို့ ဘာတို့၊ ကျနော်တိ့်သွားပြီး ဝန်းရံတာတို့၊ တွေ့ဆုံတာ‌တို့ ကျနော်တို့ လုပ်ဖြစ်လိမ့်မယ်နဲ့တူတယ်။ တိုင်းရင်းသားရေးရာဝန်ကြီး ရခိုင်တိုင်းရင်းသားကိုယ်စားလှယ် ဦးသာစိန်ဆိုရင်လည်းပဲ ကျနော်နဲ့အတူ လိုက်ပါဆောင်ရွက်ပေးပါလိမ့်မယ် ဒီကိစ္စကို” လို့ ကိုတင်ထူးအောင်က ပြောပါတယ်။

အသက် ၂၀ ကျော်အရွယ်ရှိ မစိုးစံသူဟာ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာဇာတိ ဖြစ်ပါတယ်။ သူဟာ ရန်ကုန်မြို့၊ တာမွေမြိုနယ်၊ ဦးချစ်မောင်အိမ်ရာရှိ 29 ရတနာဆိုင်မှာ အလုပ်လုပ်ကိုင်စဉ် ပစ္စည်း ၃၄ မျိုး (အဆိုပါ ကာလတန်ဖိုး သိန်း ၁၉၀၀ ကျော်) ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် သုံးဦးနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှာ မသင်္ကာမှုနဲ့ ခေါ်ယူ စစ်ဆေးခံခဲ့ရတာပါ။

မစိုးစံသူ အပါအဝင် လေးဦးဟာ ဩဂုတ်လ ၂၉ ရက် ကနေ စက်တင်ဘာ ၃ ရက်ထိ အဆိုပါဆိုင်ထဲမှာ ဖမ်းဆီးခံခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာတော့ မစိုးစံသူ တဦးတည်းကို ရာဇသတ်ကြီး ပုဒ်မ ၃၈၁ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

စွပ်စွဲ ဖမ်းဆီးခံရတဲ့ မစိုးစံသူရဲ့ မိသားစုပိုင် ဖြစ်တဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်က တိုက်ခန်းကိုလည်း တရားရုံးက သိမ်းဆည်းဖို့ အမိန့်ချခဲ့ပြီး ၎င်းကိုလည်း‌ အောက်တိုဘာ ၁ ရက်နေ့မှာ တာမွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

2 Comment

vytyazhnye zaklepki 52 ဖေ‌ဖော်ဝါရီ 2, 2026 - 9:57 မနက်

вытяжная заклепка 50 заклепка вытяжная глухая

WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 - 7:04 ညနေ

дизайн панельного дома дизайн коттеджа заказать проект

Add Comment