အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၆)
အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာတွေကို ဇန်နဝါရီလ ၂၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကစပြီး ကျောင်းဝင်ခွင့် လျှောက်လွှာတွေကို စတင် လက်ခံခေါ်ယူနေခဲ့တာ ဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေဟာ ရက္ခိုင်ပြည်တွင်း နေထိုင်တဲ့ အသက် ၂၅နှစ်အောက် ရှိသူဖြစ်ရမယ်လို့ ထုတ်ပြန်ထားပေမယ့် ရက္ခိုင်ပြည်ပရောက်နေသူတွေအနေနဲ့လည်း သတ်မှတ်အရည်အချင်းပြည့်မှီရင် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
သတ်မှတ်ချက်အနေနဲ့ကတော့ လိုအပ်တဲ့ ပညာအရည်အချင်းရှိပြီး နေရာဒေသမရွေး သွားလာနိုင်သူ၊ သွေးမှတဆင့် ကူးစက်တဲ့ ရောဂါကင်းပြီး ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမယ်လို့ သိရပါတယ်။
ဒါ့အပြင် လျှောက်လွှာတင်တဲ့အခါမှာ လိုအပ်တဲ့ အထောက်အထား စာရွက်စာတန်းတွေအပြင် Passport ဓာတ်ပုံ ၂ ပုံလည်း လိုအပ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ကျောင်းကို လျှောက်ထားသူတွေအနေနဲ့ လျှောက်လွှာပိတ်ပြီး တလအတွင်း ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ စာစစ်ဌာနမှာ ရေးဖြေ စာမေးပွဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဖြေဆိုဖို့ လေ့လာရန် စာအုပ်တွေကိုလည်း လျှောက်လွှာ လက်ခံတဲ့နေရာမှာ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
ရေးဖြေ စာမေးပွဲ အောင်မြင်ပါက စိတ်ကျန်းမာရေး စစ်ဆေးခြင်းနဲ့ လူတွေ့ စစ်ဆေးခြင်း ခံယူရမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေကို သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနတွေကတဆင့် ထုတ်ပြန်ကြေညာမှာဖြစ်ပြီး နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေဟာ ဆေးပညာသိပ္ပံ ၇ နှစ် သင်တန်းကို ပြီးဆုံးတဲ့အထိ တက်ရောက်ရမှာဖြစ်သလို အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
6 Comment
Yo, heard some buzz about 7vvbetgame. Gave it a whirl and it’s not bad. Easy to get around, decent selection of games. Might be my new go-to. See for yourself at 7vvbetgame.
Looking for a reliable link? linkbong888 has got you covered. Makes things so much easier honestly. Saves me a bunch of time! Quick and easy access at linkbong888.
Hey! My mate recommended ad786 to me and I have to say, it’s pretty great. Super easy navigation and quick info retrieval. Check it out using: ad786.
вытяжные заклепки 2 заклепка вытяжная купить
Платформа известна как kraken marketplace с лучшими рейтингами среди конкурентов
дизайн дома внутри дизайн коттеджа под ключ