စစ်တွေက စကမ အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန် ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထား

အာရက္ခတိုင်းမ်စ် (၁၂ ဇန်နဝါရီ ၂၀၂၆)

အာရက္ခတပ်တော်က ရက္ခိုင်ပြည် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရဲ့ ကာကင်းစခန်း ၂ ခု ကို သိမ်းပိုက်လိုက်ပြီးနောက် စစ်တွေမြို့ရှိ စစ်ကော်မရှင်အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန် ရဟတ်ယာဉ်များ အဆင်သင့် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“ ‎‎စစ်တွေ ခြေလျင်တပ်ရင်း ခလရ ၂၀အတွင်းတွင် MI17တစင်း၊ MI 35 တစင်းတို့ ထားရှိထားပြီး ခလရ ၂၀ အနီး အမှတ် (၈) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၈) တွင် MI 17 တစင်း တို့ ရှိနေတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

စစ်တွေရှိ စစ်ကော်မရှင်နဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေအနေနဲ့ ဇန်နဝါရီလ ၉ ရက်ကတည်းက စစ်တွေကနေ ရန်ကုန်နဲ့ နေပြည်တော်ကို လေယာဉ်နဲ့ ထွက်ခွာသွားနေကြတာလည်း ဖြစ်ပါတယ်။

“ လေယာဉ်လက်မှတ်က ဒေသခံတွေအနေနဲ့ ဝယ်မရတာ ၅ ရက်လောက်ရှိပြီ။ ဆေးကုဖို့ ထောက်ခံစာနဲ့လည်း ဝယ်မရခဲ့ဘူး။ ရန်ကုန်ကနေ အလာတော့ ရတယ်။ စစ်တွေကနေ ရန်ကုန်ကို မရဘူး။ သူတို့က (စစ်ကော်မရှင်) ဒေသခံတွေကို ရောင်းခွင့်မပြုဘူး” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည် စစ်တွေမြို့ရှိ တော်ကန်နဲ့ ဂန့်ဂေါ်ကျွန်းနားက ကာကင်းနှစ်ခုကို သိမ်းပိုက်အပြီးမှာ စစ်ကော်မရှင်က ဒေသခံတွေကို လေယာဉ်လက်မှတ် ဝယ်ယူခွင့်ကို ကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်တွေမြို့နယ် စစ်မျက်နှာမှာ မာန်အောင်ဒေသခံ ဖြစ်တဲ့ အာရက္ခတပ်တော်က တပ်ရင်းမှူး ဗိုလ်မှူး ထက်မြက်သိန်း အပါအဝင် ၆ ဦးခန့်တာထမ်းဆောင်ရင်း စစ်မြေပြင်မှာ ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။‎

Related posts

ကျိန္တလီကို ရွေးတုအစိုးရတပ် ဗုံးချလို့ ပြည်သူ ၂ ဦး ဒဏ်ရာရ

ညောင်ကျိုးကို ထိုးစစ်ဆင်လာတဲ့ ရွေးတုအစိုးရတပ် လေ‌လာတောင်တွင် AA ရဲ့ တိုက်ခိုက်ခြင်းခံရ

စစ်တွေ ဒကစ အနီးက ရွာတွေကို ရွေးတုအစိုးရတပ် ဖျက်ဆီးပြီး စစ်စခန်းလုပ် ခံစစ်ပြင်နေ

4 Comment

https://www.24propertyinspain.com/user/profile/1453489 ဇွန် 13, 2026 - 9:55 မနက်

References:

Hitnspin casino download https://www.24propertyinspain.com/user/profile/1453489

vivod iz zapoya v stacionare_uoSn ဇွန် 13, 2026 - 3:02 ညနေ

Вот такая ситуация — родственник уходит в штопор , а руки опускаются . Моя семья столкнулась лично . Сначала кажется, что обойдётся , но нет . Требуется реальная помощь . Перерыл весь интернет — одни обещания. А потом наткнулся на один нормальный вариант. Ищешь где сделать качественное выведение из запоя с госпитализацией , не ведись на дешёвые обещания . У нас в Нижнем, если честно, полно шарлатанов . Реальные контакты тут : кодировка от алкоголя в нижнем новгороде кодировка от алкоголя в нижнем новгороде Честно говоря , после того как ознакомился, понял свои ошибки. И про кодировку от алкоголя подробно, и про условия в стационаре. Главное — анонимно . Советую не тянуть .

favpress.site ဇွန် 19, 2026 - 5:37 ညနေ

References:

Legiano Casino Live Chat favpress.site

bookmarkpress.site ဇွန် 19, 2026 - 5:44 ညနေ

References:

Legiano Casino 2026 bookmarkpress.site

Add Comment