စကမထံမှ အလင်းဝင်လာသူ ၁၃ ဦး ကျောင်းသားလက်ရုံးတပ်တော်တွင် တာဝန်ထမ်းဆောင်နေ

အာရက္ခတိုင်းမ်စ် (၁၃ ဇန်နဝါရီ ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာလမ်းမကြီး တို့တွင် အလင်းဝင်လာခဲ့ကြတဲ့ စစ်ကော်မရှင် စစ်သား ၁၃ ဦးဟာ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ရဲဘော်များအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

“ နှစ်လအတွင်း အဆိုပါ စစ်မြေပြင်ရှိ ရန်သူစစ်ကော်မရှင်တပ်မက တပ်ကြပ်ကြီး ၁ ဦး နဲ့ ဒုတပ်ကြပ် ၁ဦး တို့ အပါအဝင် မိမိတို့ထံ အလင်းဝင်ခိုလှုံလာသူ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦး ရှိခဲ့ပါတယ်။ အလင်းဝင်ခိုလှုံလာသူများဟာ အခု တပ်ဦး/တပ်တော်ရဲ့ ရဲဘော်များအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေပါတယ်” လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်က ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စစ်ဆင်ရေး နယ်မြေအတွင်း စစ်ကော်မရှင်တပ်ကနေ ထွက်ပြေးလာသူများ နဲ့ တိုက်ပွဲများမှ ဖမ်းဆီးရမိသူ စုစုပေါင်း ၁၆ ဦး ရှိခဲ့ပြီး ဖမ်းဆီးရရှိခဲ့တဲ့ စစ်သုံ့ပန်းများကို တပ်ဦး/တပ်တော်ရဲ့ မူဝါဒများ၊ နိုင်ငံတကာစစ်ဥပဒေများနဲ့အညီ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် အနေနဲ့ အဖိနှိပ်ခံလူထုကို မျက်နှာမူကာ တော်လှန်ရေးတာဝန် ထမ်းဆောင်လိုသူ မည်သူမဆို အတူတိုက်ပွဲဝင်ရန် လက်ကမ်းကြိုဆိုပါတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

ဆောကို မိတ္ထီလာတပ်ကနေ ဒုတိယအကြိမ် စစ်အင်အား ထပ်မံပို့ဆောင်

ကပစ ၁၆ ကို သိမ်းပိုက်နိုင်ရန် ပွိုင့် ၅၀၆ ကို AA ထိုးစစ်ဆင်

ကွင်းကောက် စစ်သင်တန်းကျောင်းကို စစ်အင်အား ထောင်ချီဖြည့်ပြီး ရက္ခိုင်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် စကမ ပြင်ဆင်

2 Comment

svadebnye-platya 10 မတ် 1, 2026 - 12:18 မနက်

размер свадебного платья свадебные платья каталог недорого

ondashboard.win ဧပြီ 14, 2026 - 10:16 ညနေ

References:

Rocketplay casino neosurf bonus

References:
https://notes.medien.rwth-aachen.de/2vXNCN2mRbCanEC0Uyd1tA/

Add Comment