စစ်တွေမြို့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မုဒ်ဦးအသစ် တည်‌ဆောက်နေ

အာရက္ခတိုင်းမ်စ် (၁၄ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မုဒ်ဦးအသစ် တည်‌ဆောက်နေတယ်လို့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ဒီကနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

“ စစ်တွေမြို့ နှစ် ၂၀၀ပြည့် အမှတ်တရ ရက္ခိုင်ပြည် အစိုးရအဖွဲ့က စစ်တွေမြို့ မုဒ်ဦးသစ် တည်ဆောက်နေပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနဲ့ အစိုးရအဖွဲ့ ကွင်းဆင်းကြည့်ရှုပါတယ်” လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လမှာ မုဒ်ဦးသစ်ရဲ့ ဒီဇိုင်းအတွက် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က စစ်တွေမြို့က ဦးကျော်ဇံမောင်ရဲ့ ယဉ်ကျေးမှုအဖွဲ့၊ ဦးအောင်လှသိန်း (သုတေတီ) နဲ့ စာရေးဆရာတွေကို ပြည်နယ်ဥပဒေချုပ်ရုံးမှာ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မုဒ်ဦးသစ် တည်ဆောက်ဖို့အတွက် ကော်မတီဖွဲ့ပြီး သယံဇာတဝန်ကြီး ဦးမြင့်စိုးက ဥက္ကဌအဖြစ် တာဝန်ယူကာ အကောင်အထည်ဖော်နေသလို မုဒ်ဦးသစ် တည်ဆောက်မှုမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး မကြာမီ တည်ဆောက် ပြီးစီးတော့မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ