စစ်တွေမြို့ပေါ်မှာ စကမတပ်သား မရှိသလောက် နည်းသွား

အာရက္ခတိုင်းမ်စ် (၁၇ ဇန်နဝါရီ ၂၀၂၆)

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ မရှိသလောက် နည်းပါးသွားတယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့ကို တည်ထားခဲ့တဲ့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပတဲ့နေ့မှာလည်း လုံခြုံရေးတာဝန်ယူတဲ့ စစ်သားအရေအတွက်က အနည်းငယ်ပဲ ရှိတာကို တွေ့ရတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ယခင်က စစ်တွေမြို့မှာ ပွဲလမ်းသဘင် ကျင်းပတဲ့တဲ့အခါမှာ ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ရာ လမ်းကြောင်းတွေမှာ လုံခြုံရေး တိုးမြှင့်ချထားတာ၊ ကြိုတင်ပြီး မိုင်းရှင်းရေးတွေ လုပ်ဆောင်နေပေမယ့်လည်း ပြီးခဲ့တဲ့ စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အခမ်းအနားနေ့မှာတော့ အဲဒီလိုမျိုးတွေ လုပ်ဆောင်တာ မတွေ့ရဘူးလို့ စစ်တွေဒေသခံတဦးက ဆိုပါတယ်။

“မြို့ထဲဘက်တွေမှာလေ စစ်တပ်တွေ မရှိတော့ဘူး။ တပ်ရင်းတွေက ရှိတယ်။ ခါတိုင်းဆိုရင် ဟိုနေ့ကဆို မာရသွန်ပြိုင်ပွဲဆိုရင် စစ်တွေ နှစ် ၂၀၀ ပြည့်အတွက် မာသွန်ပြိုင်ပွဲ ရှိတယ်။ အဲဒီမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ဆုပေးတာလေ။ အဲဒါကို လုံးဝကို ဘာမှ လုံခြုံရေးမရှိဘူး။ ခါတိုင်းဆိုလို့ရှိရင် စစ်တွေမြို့ ဟိုထိပ် ဒီထိပ်တွေမှာ အများကြီး ရှိတယ်လေ။ အခုက လုံးဝကို မရှိတာ။ ရဲကားတစီး နှစ်စီးပဲ ရှိတယ်။ ရဲယူနီဖောင်းနဲ့ အသွင်ပြောင်းထားရင်တော့ မသိဘူးပေါ့နော်။ တော်တော်ကြာပြီ ၆ ရက် ၇ ရက်နေ့လောက်ကတည်းက မရှိတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒါအပြင် အရင်က စစ်တွေမြို့တွင်း နေ့နေညည ကင်းလှည့်ပတ်နေတဲ့ လှည့်ကင်းတွေလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

“ညညဆိုရင် ကားတွေနဲ့ သွားတယ်လေ။ အခုက လုံးဝကို မတွေ့ဘူး။ အသံလည်း မကြားဘူး။ အဲဒီရက္ခိုင်ပြည်နယ်နေ့ပြီးမှ ရွေးကောက်ပွဲနေ့ပြီးမှ တခေါက် ရုန်းရုန်း ဖြစ်တယ် အဲဒါ နောက်ဆုံးပဲ။ နောက် လာလည်း မလာကြတော့ဘူး။ အသံလည်း မကြားရတော့ဘူး။ အခုဆိုရင် လုံခြုံရေးတွေလည်း မတွေ့ရတော့ဘူး” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ဒစက ၅ ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော် က သိမ်းပိုက်ပြီးနောက်မှာလည်း လေကြောင်းနဲ့ စစ်တွေက အရာရှိမိသားစုဝင်တွေကို စတင်ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တွေမြို့ပြင်က စစ်ကော်မရှင် တပ်စခန်းချထားတဲ့ နေရာတွေကို အာရက္ခတပ်တော် က ဝင်ရောက်တိုက်ခိုက်တာတွေ ရှိနေသလို စစ်ကော်မရှင်တပ်နဲ့ မကြာခဏ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ လက်ရှိ ဇန်နဝါရီလ အစောပိုင်းကနေစပြီး အာရက္ခတပ်တော်ကို စစ်တွေမြို့ တပ်ရင်းတွေကနေ ညအချိန်တွေမှာ ဒရုန်းတွေ အသုံးပြုပြီး လေကြောင်းဗုံးကြဲမှုတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ လူသားဒိုင်ကာအနေနဲ့ စစ်တွေမြို့ပြင်က ကျေးရွာ ၂၀ ကျော်က ဒေသခံတွေကို ရွာလုံးကျွတ် နှင်ထုတ်ပြီး မြို့ထဲမှာ ဒုက္ခသည်အနေနဲ့ ထားရှိထားပြီး စစ်တွေဒေသခံတွေကို မြို့ပြင် ဝင်ထွက်ခွင့်ကို ပိတ်ထားတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်တွေဒေသခံတွေဟာ စစ်တွေမှာ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော် တို့ တိုက်ပွဲဖြစ်ပွားတဲ့အခါ တိုက်ပွဲရှောင်တိမ်းရှောင်ဖို့အတွက်ကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Related posts

ရာစုသစ်ဘော်ဒါဆောင် မီးလောင်သေဆုံးမှုနဲ့ပတ်သက်တဲ့ တရားခံလူငယ် ဒီလပ်ဖမ်းပြီး ၁၂ ရက်အကြာ ဆေးရုံအရေးပေါ်တင်ရ

ဘူးသီးတောင်ကနေ ရသေ့တောင်ကို ဘိလပ်မြေတင်လာတဲ့ ဘုတ်တစ်စီး တိမ်းမှောက် လူတစ်ဦးသေဆုံး

ရက္ခိုင်ပြည်တွင် ဒီနေ့ကနေ ၃၀ ရက်အတွင်း ရက်ရှည်မိုးရွာနိုင်

4 Comment

https://melendez-pilegaard-2.thoughtlanes.net မေ 27, 2026 - 6:18 မနက်

References:

Us online casinos https://melendez-pilegaard-2.thoughtlanes.net

sericit_ygoi ဇွန် 16, 2026 - 12:20 ညနေ

галька фракция 80-120 мм купить галька фракция 80-120 мм купить

1xbet indir_mkpa ဇွန် 16, 2026 - 2:11 ညနေ

Mobil bahis platformu arayışım epey uzun sürdü valla. Play Store’da resmi olanı bulamayınca çok hayal kırıklığı yaşadım. Sonunda tüm teknik detayları inceleyip sistemi test ettim. En sonunda güvendiğim bir kaynağa ulaştım ve size de tüm detayları aktarmak istedim, güncel bilgilere buradan bakabilirsiniz: 1xbet mobile download 1xbet mobile download. Şimdi size kısaca özet geçeyim — telefonuma indirdikten sonra çok memnun kaldım.

kurulumu da oldukça basit ve hızlıydı yani rahat olun. Kendi deneyimlerimi aktarıyorum size — kesinlikle pişman olmazsınız deneyin derim. Şimdiden iyi şanslar ve bol kazançlar…

1xbet indir_fyoa ဇွန် 16, 2026 - 2:32 ညနေ

Telefonumda rahatça bahis oynayabileceğim bir uygulama arıyordum uzun zamandır. Apk dosyasını nereden indireceğimi bulmak çok zaman aldı. Sonunda tüm teknik detayları inceleyip sistemi test ettim. En sonunda güvenilir bir kaynağa ulaştım ve size de tüm detayları aktarmak istedim, güncel bilgilere buradan bakabilirsiniz: 1xbet nasıl indirilir 1xbet nasıl indirilir. Valla bak net söyleyeyim — son sürümü tüm beklentileri karşılıyor resmen.

güncellemeleri de sorunsuz bir şekilde geliyor. Kendi deneyimlerimi aktarıyorum size — başka yerde vakit kaybetmeyin yani. Umarım siz de memnun kalırsınız…

Add Comment