စစ်တွေက မူဆလင် ၅ ဦးကို စကမ ဖမ်းဆီး၊ အမျိုးသမီး ၁ ဦးပါဝင်

အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ် ဖွဲရာကုန်းကျေးရွာနေ မွတ်ဆလင် ၅ ဦးကို စစ်ကော်မရှင်က ဇန်နဝါရီလ ၁၄ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူထဲတွင် အမျိုးသမီးတဦး ပါဝင်တယ်လို့ သိရပါတယ်။

“ ၁၄ ရက်နေ့ လူအိပ်ချိန် ည ၁ နာရီလောက်မှာ ရဲကားတစီးနဲ့ လာပြီး ဖမ်းခေါ်သွားတာ၊ ဘာကြောင့်ဆိုတာလည်း မပြောဘူး။ ဒီအတိုင်းကို ဖမ်းခေါ်သွားတာ” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဖမ်းဆီးခြင်းခံရသူတွေကတော့ ရက္ခိုင်ပြည် စစ်တွေမြို့နယ် ဖွဲရာကုန်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ရော်ရှိန်၊ အသက် ၃၇ နှစ်အရွယ် ဟူဆောန်အာမောက်၊ အသက် ၃၀ အရွယ် ဟာဆင်၊ အသက် ၆၀ အရွယ် အီဆူ မော်တာစ် ဆိုတဲ့ အမျိုးသမီးတို့ပဲ ဖြစ်ပါတယ်။

“ ဖမ်းဆီးသွားနေ့မှာပဲ မိသားစုဝင်တွေက လိုက်တွေ့ဖို့ သွားကြပေမယ့် ဒီနေ့အထိ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိသေးဘူး။ ဘာကြောင့် ဖမ်းဆီးတယ်လို့လည်း မပြောတော့ ကျန်တဲ့ မွတ်ဆလင်တွေလည်း အဖမ်းခံရမှာ စိုးရိမ်နေကြတယ်” လို့ သူက ထပ်မံ ပြောပါတယ်။

စစ်ကော်မရှင်အနေနဲ့ တဖက်မှာ မွတ်ဆလင်တွေကို အကြောင်းပြချက်မပေးပဲ ဖမ်းဆီးနေပြီး တဖက်မှာလည်း မွတ်ဆလင်တွေနဲ့ သင့်မြတ်အဆင်ပြေကြောင်း ပြသရန်အတွက် ပြည်နယ်ဝန်ကြိးချုပ် ဦးထိန်လင်းဟာ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို စာဖတ်အားအကောင်းဆုံးနဲ့ အတက်ကြွဆုံး တော်လှန်ရေးခေါင်းဆောင်လို့ အိန္ဒိယ‌ သတင်းထောက် ဆို

AA နဲ့ စကမတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးမျက်နှာကို စကမ ဗုံးကြဲ

ဘင်္ဂလားဒေ့ရှ်က AA ကိုအသိအမှတ်မပြုရင် ကောင်းမွန်တဲ့အခြေအနေ ဖန်တီးဖို့ခက်မယ်