NewsPolitic

စစ်တွေက မူဆလင် ၅ ဦးကို စကမ ဖမ်းဆီး၊ အမျိုးသမီး ၁ ဦးပါဝင်

အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ် ဖွဲရာကုန်းကျေးရွာနေ မွတ်ဆလင် ၅ ဦးကို စစ်ကော်မရှင်က ဇန်နဝါရီလ ၁၄ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူထဲတွင် အမျိုးသမီးတဦး ပါဝင်တယ်လို့ သိရပါတယ်။

“၁၄ ရက်နေ့ လူအိပ်ချိန် ည ၁ နာရီလောက်မှာ ရဲကားတစီးနဲ့ လာပြီး ဖမ်းခေါ်သွားတာ၊ ဘာကြောင့်ဆိုတာလည်း မပြောဘူး။ ဒီအတိုင်းကို ဖမ်းခေါ်သွားတာ” လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဖမ်းဆီးခြင်းခံရသူတွေကတော့ ရက္ခိုင်ပြည် စစ်တွေမြို့နယ် ဖွဲရာကုန်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ရော်ရှိန်၊ အသက် ၃၇ နှစ်အရွယ် ဟူဆောန်အာမောက်၊ အသက် ၃၀ အရွယ် ဟာဆင်၊ အသက် ၆၀ အရွယ် အီဆူ မော်တာစ် ဆိုတဲ့ အမျိုးသမီးတို့ပဲ ဖြစ်ပါတယ်။

“ဖမ်းဆီးသွားနေ့မှာပဲ မိသားစုဝင်တွေက လိုက်တွေ့ဖို့ သွားကြပေမယ့် ဒီနေ့အထိ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိသေးဘူး။ ဘာကြောင့် ဖမ်းဆီးတယ်လို့လည်း မပြောတော့ ကျန်တဲ့ မွတ်ဆလင်တွေလည်း အဖမ်းခံရမှာ စိုးရိမ်နေကြတယ်” လို့ သူက ထပ်မံ ပြောပါတယ်။

စစ်ကော်မရှင်အနေနဲ့ တဖက်မှာ မွတ်ဆလင်တွေကို အကြောင်းပြချက်မပေးပဲ ဖမ်းဆီးနေပြီး တဖက်မှာလည်း မွတ်ဆလင်တွေနဲ့ သင့်မြတ်အဆင်ပြေကြောင်း ပြသရန်အတွက် ပြည်နယ်ဝန်ကြိးချုပ် ဦးထိန်လင်းဟာ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ကျောက်တော်နဲ့ ပလက်ဝမြို့နယ် အစပ်ကို ဂျက်ဖိုက်တာ ၅ စီးနဲ့ စကမ ဗုံးကြဲ(Breaking News)

Rakhita Times

စစ်ရေးရှုံးနိမ့်နေလို့ ရွေးတုအစိုးရဟာ ရေကြည်တွင် အမြောက်တပ်များ ထပ်မံချထား

Rakhita Times

တောင်ကုတ်ကို ထိုးစစ်ဆင်နိုင်ရန် ပဲခူးအနောက်ခြမ်း ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းထိုးနေ

Rakhita Times

270 comments

Leave a Comment