ကုန်ဈေးနှုန်းနဲ့ အလေးချိန် မှန်ကန်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက ပြည်သူတွေ ဈေးရောင်း ဈေးဝယ်ရာတွင် အဆင်ပြေစေရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကုန်ဈေးနှုန်းများကို သတ်မှတ်ပြီး ထိန်းညှိဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အသား၊ ငါးအပါအဝင် စားကုန်များနဲ့ တခြားကုန်ပစ္စည်းများကို ပြည်သူများ ဝယ်ယူသုံးစွဲရာတွင် အဆင်ပြေစေရန် ဈေးနှုန်းများကို ထိန်းညှိကြပ်မတ်ပေးနေပြီ အလီးချိန်(ပိဿာ) မှန်အောင် ရောင်းချကြရန်လည်း အသိပေး တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ကုန်သည်တွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကို အကြောင်းပြပြီးတော့ ဈေး အဆမတန်တင် ရောင်းချနေတာကို စစ်ဆေးတယ်။ အလေးချိန် ပြည့်/မပြည့် စစ်ဆေးပေးတယ်။ ကုန်သည်၊ ဈေးသည်၊ ဈေးဝယ် အကုန်သူ အဆင်ပြေအောင် ထိန်းညှိပေးနေတယ်” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်ဌာနကလည်း ဈေးရောင်း/ဈေးဝယ်တွင် အလေးချိန် ပြည့်/မပြည့်ကိုလည်း လိုက်လံ စစ်ဆေးပေးနေတယ်လို့လည်း သိရပါတယ်။

Related posts

မြောက်ဦးကို လေယာဉ် ၈ စီးနဲ့ ဗုံးပတ်ကြဲခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုကြသော်လည်း အမှန်ဆိုလျှင်

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း