အာရက္ခတိုင်းမ်စ် (၃၀ ဇန်နဝါရီ ၂၀၂၆)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က စစ်ကော်မရှင်ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ၆၆၆ စခန်းကုန်းကို ဇန်နဝါရီလ ၂၈ ရက် ညနေ ၅ နာရီကျော်တွင် အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော်အနေနဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်က သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကော်မရှင်ရဲ့ တန်ပြန်ထိုးစစ်နဲ့ လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့တဲ့ စခန်းကုန်းလည်း ဖြစ်ပါတယ်။
“ တပ်တော်နဲ့အတူ ပူးပေါင်းမဟာမိတ်တွေပူးပေါင်းပြီးတော့ ပြန်လည် သိမ်းပိုက်လိုက်တာပါ။ ပြန်လည်ရရှိဖို့ စကမရဲ့ စစ်ကူတွေကို လမ်းကနေ ဖြတ်တိုက်တာတို့၊ စခန်းကို ဝိုင်းပိတ်ဆို့ပြီး တိုက်တာ၊ အခုတော့ ပြန်လည် ရရှိခဲ့ပါပြီ” လို့ စစ်ရေးသတင်းရစ်မြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒုတိယအကြိမ်မြောက် စခန်းသိမ်းပြီးနောက်မှာလည်း စစ်ကော်မရှင်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနဲ့ ဒရုန်းဗုံးများနဲ့ ဆက်လက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ၆၆၆ စခန်းကုန်းဟာ ရှည်လျားတဲ့ တောကြောပေါ်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းကုန်းဖြစ်ပြီး ကပစ ၁၆ ရဲ့ ကာကင်းတခုလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအနေနဲ့ ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေတဲ့အတွက် ကပစ ၁၆ အနီးထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
4 Comment
https://888starz.net.co/
888Starz Colombia representa un sitio de apuestas online y casino que agrupa mas de 9.500 titulos, incluyendo slots, juegos de mesa con dealer en vivo junto a una variada seleccion de disciplinas deportivas que cubre desde la Liga BetPlay hasta la UEFA Champions League y las competiciones de esports.
https://ufc327odds.com/
The upcoming UFC 327 light heavyweight championship bout in Miami shapes up as a classic pick’em for the gambling public, as ex-champion Jiri Prochazka (-142) and hot-streaking knockout artist Carlos Ulberg (+120) prepare to square off for the unclaimed belt. The razor-thin odds are a testament to how evenly matched these two striking specialists truly are, making this fight where a wager on either man hinges entirely on which explosive skillset you anticipate will come out on top.
https://bwin-bet.com.co/
Bwin Bet se presenta como un casino online y casa de pronosticos deportivos establecido en Colombia desde el ano 2026 , funcionando con la licencia de Coljuegos , asegurando asi un ambiente legitimo y confiable para los jugadores .
https://lebull.com.mx/
De acuerdo con la resena presentada, Lebull representa un sitio de juegos de azar digital y sistema de wagering deportivo que opera en Mexico contando con una coleccion de mas de 10,000 juegos, una mobile app con todas las prestaciones y proveedores de primer nivel por ejemplo Pragmatic Play, NetEnt y NolimitCity.