မိုးတွင်းမှာ ထင်း အခုထက် ပိုရှားလာမှာကို စစ်တွေဒေသခံတွေ စိုးရိမ်

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ အခုလက်ရှိ ဆောင်းတွင်းနဲ့ နွေရာသီအတွက် အသုံးပြုဖို့ ထင်းတွေကို ရှာဖွေလို့ ရသေးပေမယ့် မိုးတွင်းဆိုရင် ထင်းတွေ ပိုရှားပြီး ဒုက္ခရောက်မှာကို ဒေသခံတွေက စိုးရိမ်နေကြောင်း အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေဒေသခံတဦးက “မကြာခင်မှာ ရှားပါတော့မယ်။ အခုကတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ဆောင်းတွင်းနဲ့ နွေဖြစ်တော့ နည်းနည်းလောက် ရပါသေးတယ်။ အပင်ကိုင်းလေးတွေ ချိုးလို့၊ အပင်ကိုင်းငယ်လေးတွေကို အလွယ်တကူ ချိုးလို့ သုံးလို့ ရပါသေးတယ်။ နောက်ဆိုလို့ မိုးတွင်းဆိုရင် ကောင်းကောင်း ဒုက္ခရောက်ပါဖို့” လို့ သူက ပြောပါတယ်။

စစ်တွေမြို့ကို ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်တွေ ကန့်သတ်ထားတာကြောင့် နယ်ဘက်က ထင်းနဲ့ မီးသွေးတွေ မြို့ပေါ်ကို ပုံမှန်အတိုင်း မရောက်နိုင်တော့တာပါ။

ဒါ့အပြင် ထင်းအဖြစ် ရောင်းစားစရာ သစ်သားအိမ်တွေလည်း တော်တော်ကို နည်းပါးသွားပြီလို့ သိရပါတယ်။

မီးစက်နဲ့ လျှပ်စစ်မီးကလည်း အဆင်မပြေမှု ဂက်စ် (Gas) နဲ့ စက်သုံးဆီတွေ ဈေးကြီးမှုတို့ကြောင့် မြို့နေလူထုတွေဟာ ထင်းနဲ့ မီးသွေးဘက်ကို ဝယ်လိုအား (Demand) များပြီး တဖက်မှာ အဝင်က နည်းတာကြောင့် ပိုရှားနေတဲ့သဘောလည်းဖြစ်ပါတယ်။

အရင်က ထင်းခုတ်လို့ရတဲ့ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဘက်မှာလည်း လက်ရှိမှာတော့ စစ်ရေးအခြေအနေတွေကြောင့် သွားလာရ ခက်ခဲနေတာတွေ ရှိပါတယ်။

လက်ရှိမှာ ထင်းရှားတဲ့အတွက် မီးသွေးတွေကို ဝယ်ယူအသုံးပြုပေမယ့် အရင်ကလောက် မီးသွေးတွေဟာ အမျိုးအစားမကောင်းတော့ဘူးလို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုက ထင်းရှားပါတယ်မလား။ မီးသွေးလည်း ဝယ်လို့ရနေတဲ့အချိန်ဖြစ်နေတယ်။ ပြီးရင် ရန်ကုန်ကလာတဲ့ ထိပ်တန်းလောင်စာအတုံးတို့ဆိုတာ အခုဆောင်းရာသီမှာ အလွယ်တကူ ဝယ်လို့ရနေပါတယ်လေ။ အဲဒီတော့ ထင်းမရှိလည်း မီးသွေးဖြစ်ဖြစ် မီးသွေးတအိတ်ကို သုံးသောင်းနဲ့ နှစ်ထောင်ပါ။ မီးသွေး ၁၀ ပိဿာလောက် ရှိပါဖို့။ ဒါပေမယ့် သုံးရတာတော့ အရင်ကလို မီးသွေးမကောင်းပါဘူး။ အဲဒီမီးသွေးတွေ ဝယ်သုံးလို့ရတယ်။ မီးသွေးလည်း ဝယ်ချင်တဲ့နေရာမှာ ဝယ်လို့ရတယ်။ လောလောဆယ်မှာ ထင်းမရှိပေမယ့် မီးသွေးရှိနေရင်တော့ ထင်းက ဈေးကြီးပါတယ်။ ၄ ချောင်းလောက်သာပါတယ်။ အဲဒီ ၄ ချောင်းပါတဲ့ တစည်းကို တသောင်းနှစ်ထောင်၊ တသောင်းသုံးထောင်၊ တသောင်းခွဲ အဲဒီလောက်အထိ ရှိပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်က စစ်တွေမြို့ကို ဆက်လက်ထိန်းချုပ်ထားပေမဲ့ ပတ်ပတ်လည်မှာ အာရက္ခတပ်တော် (AA) က ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် မြို့ဟာ “ ကျွန်း” တခုလို ဖြစ်နေပါတယ်။

AA ဘက်ကလည်း မြို့ကို သိမ်းပိုက်ဖို့ ပိတ်ဆို့မှုတွေ ပိုလုပ်လာတဲ့အတွက် တိုက်ပွဲကြီးတွေ ဘယ်အချိန်ဖြစ်လာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာတင် စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုအသံတွေကို ကြားနေရသလို ညဘက်တွေမှာလည်း စစ်ကော်မရှင်ဘက်က လေကြောင်းနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Related posts

စစ်တွေ ပွိုင့်ကမ်းခြေကို ၃ ရက် ပြန်ဖွင့်ပေးမယ်

ကျောက်တော်နဲ့ ပလက်ဝမြို့နယ် အစပ်ကို ဂျက်ဖိုက်တာ ၅ စီးနဲ့ စကမ ဗုံးကြဲ(Breaking News)

ဖားကန့်တွင် ရက္ခိုင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို စကမ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လမ်းမပေါ် လာရောက်စွန့်ပစ်

17 Comment

sv388tructiepph မတ် 12, 2026 - 11:59 ညနေ

Yo, checking out sv388tructiepph for some live action cockfighting. Looks legit. Hoping for some good fights and even better odds! Time to see if this site lives up to the hype. Check it out here: sv388tructiepph

rr88slot မတ် 12, 2026 - 11:59 ညနေ

Alright, let’s talk rr88slot. Gave it a spin and had some fun times. It’s worth a shout if you’re in the mood to chill. rr88slot

s666fyford မတ် 12, 2026 - 11:59 ညနေ

I checked out s666fyford a while back. It was an alright experience. If you’re on the hunt for something new, might be worth exploring. s666fyford

Howardmus မတ် 14, 2026 - 1:46 ညနေ

ремонт ванных комнат и санузлов ремонт ванна комната

remont-vannoy 10 မတ် 17, 2026 - 4:18 မနက်

ремонт ванной комнаты ремонт ванной под ключ спб

GeraldKem မတ် 17, 2026 - 11:17 ညနေ

Читать расширенную версию: https://l-parfum.ru/catalog/probniki/

Victorcleve မတ် 20, 2026 - 10:07 မနက်

Обновления по теме: https://sites.google.com/view/dezavtor1/home

studiya interera 252 မတ် 22, 2026 - 10:57 ညနေ

студия дизайна интерьера спб дизайн студия интерьера спб

Casino_stkt မတ် 24, 2026 - 4:16 မနက်

Pinco Casino открывает мир азартных развлечений с удобной платформой.
Pinco Casino
Служба поддержки работает оперативно и профессионально.

Casino_kekt မတ် 26, 2026 - 2:18 ညနေ
ArlenTaure မတ် 27, 2026 - 12:29 မနက်
Robertnot မတ် 27, 2026 - 12:30 မနက်
Jamesdof မတ် 28, 2026 - 7:22 ညနေ

Последние изменения: циклевка паркета в спб цены

Michaelhef မတ် 28, 2026 - 7:22 ညနေ

Расширенный обзор: шлифовка старого паркета

Gerrywar ဧပြီ 1, 2026 - 9:32 ညနေ

https://888starz.net.co/
888Starz Colombia es un casino en linea y casa de apuestas deportivas que cuenta con mas de 9.500 juegos disponibles, entre los que se incluyen slots, juegos de mesa con dealer en vivo y una amplia oferta de deportes que cubre desde la Liga BetPlay pasando por la Champions League y los esports.

Add Comment