မင်းတုန်းဖြစ်စဉ် သေဆုံးသူထဲတွင် စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့် ဖခင်ပါဝင်

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆)

မကွေးတိုင်းကနေ ရက္ခိုင်ပြည်ကို ကုန်းပစ္စည်းတွေပို့တဲ့ လမ်းပေါ်ကို စစ်ကော်မရှင်က မတ်လ ၁ ရက် မနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ ရက္ခိုင်ကုန်သည် အပါအဝင် ၂၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ သေဆုံးသူထဲတွင် ရက္ခိုင်ပြည် စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့်ရဲ့ ဖခင်ဖြစ်သူလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ ကြားရတဲ့သတင်းက အဖေဆုံးပြီ” လို့ စည်ပင်ဝန်ကြီးဟောင်း ဦးဝင်းမြင့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်ကော်မရှင်က ဗုံးကြဲချခဲ့တဲ့နေရာဟာ မကွေးတိုင်းနဲ့ ရက္ခိုင်ပြည်ကြားက ကုန်သည်တွေစုရပ်လုပ်နေတဲ့ နေရာတခုဖြစ်တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်တွင် AA က စခန်း ၅ ခု သိမ်းပိုက်လို့ ညဏ်လင်းသစ်က ထုတ်ပြန်

ပြည်တွင်းစစ် ဆိုးကျိုးသံသရာကို လူထု သဘောပေါက်ရန်လိုပြီလို့ ဒေါက်တာအေးမောင် ပြောကြား

စစ်တွေမှာ စားအုန်းဆီတွေ တစ်သောင်းကျော်အထိ ဈေးခုန်တက်