ကျောက်ဖြူစစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၅ မတ် ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့က စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့တယ်လို့ Arakan Responders for Emergency ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ဒီစစ်ရှောင်တွေဟာ ကျနော်တို့ စစ်ပွဲဧရိယာနဲ့ နီးတဲ့နေရာကနေ ရွှေ့ပြောင်းထားတဲ့ စစ်ရှောင်တွေ ဖြစ်ပါတယ်။ အဲ့ဒီ စစ်ရှောင်စခန်း ၂ ခုဆိုလို့ရှိရင် စစ်ရှောင်စခန်းတခုဟာ စစ်ပွဲဧရိယာနဲ့ တော်တော်ကို နီးပါတယ်။ နောက်တခုကတော့ အတိုက်ခိုက်ခံထားရတဲ့ စစ်ရှောင်စခန်းတခုက စစ်ရှောင်တွေ ဖြစ်ပါတယ်။ သူတို့လိုအပ်တဲ့ အစားအစာရိက္ခာ ပြီးလို့ရှိရင် ကျနော်တို့ အမိုးအကာတွေအတွက် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၅၅၇ ဦးအတွက် Arakan Responders for Emergency နဲ့ ဇင်ချောင်းလူငယ်ပရဟိတအသင်းတို့ ပူးပေါင်းလှူဒါန်းခဲ့တာလို့ သိရပါတယ်။

“အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၅၅၇ ယောက်အတွက် ဆန် ၁၃၉ အိတ်၊ ဆီကတော့ ၃၁၀ လီတာ၊ ပဲဆိုလို့ရှိရင် လူတယောက်ကို ၁ ပိဿာနှုန်းနဲ့ ၅၅၇ ပိဿာ၊ ငါးနီတူခြောက်က လူတယောက်ကို ၁ ပိဿာနှုန်းနဲ့ပဲ ၅၅၇ ပိဿာ၊ အမိုးအကာက အိမ်ထောင်စုတစုကို ၁၅ ပေပတ်လည် ၁၅၅ချပ်၊ အကာက ၆ ပေx၄၈ ပေ ၁၅၅ချပ်၊ ပြီးတော့ နိုင်လွန်ကြိုးတွေ ပါတယ်ပေါ့နော်။ အဲ့ဒါတွေကို ကျနော်တို့က ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ အခုပြောတာတွေက လတ်တလော လုပ်ထားတာ မဟုတ်ဘူး။ ကျနော်တို့ လွန်ခဲ့တဲ့လတွေက လုပ်ထားတဲ့ အလုပ်တွေပါ။ အလုပ်တွေလုပ်တဲ့အခါမှ ကျနော်တို့နဲ့အတူတူ ဇင်ချောင်းက ပရဟိတအဖွဲ့တွေ ပေါင်းပြီး တူတူတွဲပြီး လုပ်ခဲ့ကြတာ” လို့ အဆိုပါ တာဝန်ရှိသူက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

လတ်တလောမှာတော့ အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့ရှိ စကော်မရှင်ရဲ့ အထိုင်စခန်းတွေကို တိုက်ခိုက်နေတာကြောင့် စစ်ကော်မရှင်တပ်‌တွေ အထိခိုက် များနေတာလည်း ဖြစ်ပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ