EducationNewsPolitic

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆)

ဒီကနေ့ မတ်လ ၂၁ ရက်တွင် ကျရောက်တဲ့ (၂၇) နှစ်မြောက် ကမ္ဘာ့ကဗျာနေ့ (World Poetry Day) အခမ်းအနားကို တောင်ကုတ်မြို့တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို တောင်ကုတ်မြို့နယ် စာပေအင်အားစုက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် “ ရိုးမလှိုင်း” နံရံကပ်စာစောင် အမှတ်စဥ် (၁) ကို ထုတ်ဝေခဲ့တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ကဗျာနေ့ကို ဂုဏ်ပြုတာ ဖြစ်သလို ရက္ခိုင်ပြည်တွင်း ရက္ခိုင်ဘာသာစကားနဲ့ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ရသစာတမ်း စတဲ့ စာပေအနုပညာ အရေးအသားများ ပိုမိုထွန်းကားလာရန် အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်လို့ တောင်ကုတ်စာပေအင်အားစုမှ ကဗျာဆရာ မောင်နှစ်သိမ့် (တောင်ကုတ်) က ပြောပါတယ်။

အခမ်းအနားကို တက်ရောက်လာကြတဲ့ ကဗျာဆရာများနဲ့ စာရေးဆရာများက နံရံကပ်စာစောင် ဖွင့်လှစ်ခြင်း၊ ကဗျာနဲ့ ရသစာတမ်း ရွတ်ဖတ်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို တောင်ကုတ်ခရိုင် ULA ပါတီ တာဝန်ရှိသူများကလည်း တက်ရောက် ချီးမြှင့်ခဲ့ပြီး တောင်ကုတ်စာပေအင်အားစုမှ ကဗျာဆရာ၊ စာရေးဆရာ အပါအဝင် လူငယ် စာပေဝါသနာရှင်များ လူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကဗျာနေ့ ယူနက်စကို (UNESCO) ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးက ကမ္ဘာ့ကဗျာနေ့ကို ၁၉၉၉ ခုနှစ်တွင် စတင် အတည်ပြု သတ်မှတ်ခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ယနေ့တိုင် ကမ္ဘာတဝန်းတွင် နှစ်စဉ်ကျင်းပလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Related posts

သံတွဲကို စကမ ဗုံး ၃ လုံးလာကြဲ(Breaking News)

Rakhita Times

မဟာမိတ် ၂ ဖွဲ့ အပစ်ရပ်လို့ ရက္ခိုင်ပြည်သူ ပိုမို အထိနာလာနိုင်

Rakhita Times

ULA/AA၊ အာရက္ခပြည်သူများနဲ့ ပဉ္စသိင်္ခနတ်စောင်းသံ

Rakhita Times

5 comments

zk777game မတ် 26, 2026 at 9:30 ညနေ

Just signed up on zk777game and the welcome bonus was pretty sweet. Games seem fair, haven’t won big yet, but I’m having some fun. Give it a try and let me know what you think. zk777game

Reply
10jilionlinecasino မတ် 26, 2026 at 9:30 ညနေ

Alright guys, 10jilionlinecasino is now my go-to for a quick game after work. Easy deposits, lots of games to choose from. Check it out. 10jilionlinecasino

Reply
777jl မတ် 26, 2026 at 9:30 ညနေ

777jl! Hit or miss? For me, it’s a bit of both. The graphics are great, but sometimes the loading times can be annoying. Still, worth a look if you need some online gambling in your life. 777jl

Reply
https://topspots.cloud/item/606134 ဧပြီ 14, 2026 at 8:26 ညနေ

References:

Rocketplay neosurf welcome bonus

References:
https://gratisafhalen.be/author/officepisces1/

Reply
rent yacht montenegro 343 မေ 6, 2026 at 1:24 မနက်

charter yacht Montenegro rent a yacht Montenegro

Reply

Leave a Comment