ကျောက်တော်တွင် ၉ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၂၉ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာတွင် မတ်လ ၂၇ ရက်က အသက် ၉ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ၂၇ ရက် ညနေ ၃ နာရီကျော်လောက်ကတည်းက ပျောက်သွားလို့ လိုက်ရှာကြတယ်။ မနေ့က (မတ် ၂၈) ရွာတောင်ဖက်က ရေကန်ပျက်မှာ သေဆုံးနေတာကို တွေ့ရတယ်” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရေနစ်သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာနေ ဦးမင်းကျော်နိုင်ရဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်မျိုးမင်းဦး ဖြစ်တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်ရုပ်အလောင်းကို နယ်မြေဒီလပ်စခန်း လာရောက်စစ်ဆေးခဲ့ပြီး မှုခင်းဆေးစာများ ပေးပို့ရန် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

မတ်လ ၁၇ ရက်ကလည်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ၇ တန်း ကျောင်းသူ ၁ ဦး ရေနစ်သေဆုံးခဲ့သလို မတ်လ ၁၄ ရက်ကလည်း မြောက်ဦးမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ်နဲ့ အသက် ၁၄ နှစ်အရွယ် အလယ်တန်း ကျောင်းသူနှစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

Related posts

ကယ်တင်ရှင်လား? လိမ်လည်သူလား?

စစ်တွေတိုက်ပွဲ ပြင်းထန်နေလို့ စကမ အင်အားထပ်မံ ဖြည့်တင်း

AA ချိပ်ပိတ်ထားတဲ့ အိမ်အချို့ကို ပြန်လည်ပေးအပ်