သံတွဲဖြစ်စဉ်ဟာ ကာချုပ်သစ်ရဲ့ ပထမဆုံး မိသားစုလိုက် သတ်ဖြတ်မှုလို့ AA ပြော

အာရက္ခတိုင်းမ်စ် (၂ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကော်မရှင်က ဧပြီလ ၁ ရက် နေ့လည် ၁၁ နာရီကျော်က ဂျက်ဖိုက်တာ ၄ စီးနဲ့ လာရောက် ဗုံးကြဲချခဲ့ပါတယ်။

ထိုဖြစ်စဉ်ကြောင့် ကလေးငယ် ၂ ဦး အပါအဝင် မိသားစု ၄ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအပေါ် အာရက္ခတပ်တော်က “ စစ်ကော်မရှင်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရတဲ့ ပထမဆုံး ဖြစ်ရပ် ဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ သံတွဲမြို့နယ် ငပလီမြို့က သူတို့ အခြေစိုက်ခဲ့တဲ့ ခလရ (၅၅) စခန်းဟောင်းအနီးကို ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်ရဲ့ စစ်ရာဇဝတ်မှုကြောင့် သေဆုံးခဲ့ရသူများမှာ အသက် ၂ နှစ်အရွယ် မအေးငြိမ်းလှိုင်၊ အသက် ၇ နှစ်အရွယ် မပြည့်ဖြိုးနွယ်၊ အသက် ၂၆ နှစ်အရွယ် ဒေါ်မအောင်သန်းနဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်မအေးမေတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကတော့ အသက် ၃ နှစ်အရွယ် မသဲရတီဦး၊ အသက် ၈ နှစ်အရွယ် မမိုးထက်သန္တာနဲ့ အသက် ၂၈ နှစ်အရွယ် ၇ လသား ကိုယ်ဝန်ဆောင်မိခင် ဒေါ်အေးသန္တာဦးတို့ပဲ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်အပေါ် “ ဖက်ဆစ် အကြမ်းဖက်စစ်တပ်ဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ သေဆုံးသွားခဲ့ကြရသူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူ အာရက္ခအစိုးရအနေနဲ့ များစွာ ဝမ်းနည်းကြေကွဲရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိသွားသူတွေကိုလည်း အရေးပေါ် ဆေးကုသပေးလျက် ရှိပါတယ်” လို့ အာရက္ခတပ်တော်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဒီရက်ပိုင်းအတွင်း ရက္ခိုင်ပြည်ကို ဂျက်ဖိုက်တာ လေယာဉ် ၃ စီးအထက်နဲ့ ကင်းထောက်လေယာဉ်များကိုပါ တပြိုင်တည်း အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမို လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက် စစ်တပ်မှ သူရဲဘောကြောင်၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာသောကြောင့် ရက္ခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိရှိကြရန် အာရက္ခတပ်တော်က အသိပေး တိုက်တွန်းထားပါတယ်။

ဓာတ်ပုံများကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

ကျောက်ဖြူကနေ ၃ မိုင်အကွာတောင် ဒေသခံတွေ သွားခွင့်မရှိ

ဂွစစ်ရှောင် ၃ ဦးကို စကမက ရေကြည်တွင် ထောင် ၅ နှစ်ချ

ကျောက်ထု အမြောက်တပ်ကို စစ်အင်အား ၁၅၀၀ ရောက်ရှိ

2 Comment

eskisehiruroloji.com မေ 27, 2026 - 8:13 မနက်

References:

Jupiters casino accommodation eskisehiruroloji.com

www.giveawayoftheday.com မေ 27, 2026 - 8:13 မနက်

References:

888 roulette http://www.giveawayoftheday.com

Add Comment