ကျောက်တော်တွင် အသင်းတော် ၅ သင်း စုပေါင်းပြီး အီစတာပွဲတော် (ရှင်ပြန်ထမြောက်ပွဲ) ကျင်းပ

အာရက္ခတိုင်းမ်စ် (၈ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်တွင် ကျေးရွာ ၅ ရွာက အသင်းတော် ၅ သင်း စုပေါင်းပြီး အီစတာပွဲတော် (ရှင်ပြန်ထမြောက်ပွဲ) ကို ဧပြီလ ၇ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ ကျောက်တော်မြို့နယ်အတွင်းက ခရစ်ယန်ဘာသာဝင်တွေ ရှိတဲ့ ကျေးရွာ ၅ ရွာက အသင်းတော် ၅ သင်း စုပေါင်းပြီး ကျင်းပတာပါ။ အီစတာပွဲတော် မလုပ်ဖြစ်တာ ၅ နှစ်ရှိသွားပြီ။ ဒီနှစ်မှ ပြန်လုပ်ဖြစ်တာပါ” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ အီစတာပွဲတော်ကို အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ ငွေကြေးတွေကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပွဲတော်တွင် သင်းအုပ်ဆရာ ၆ ယောက်နဲ့ သမ္မာကျမ်းစာဝေငှသူ ၁ ယောက် တက်ရောက်ခဲ့ပြီး ဆုတောင်းမေတ္တာပို့သခြင်း၊ ကျမ်းစာဝေငှခြင်းတွေ ပြုလုပ်ခဲ့ကာ ခရစ်ယာန်ဘာသာဝင် လူ​ငယ်တွေအနေနဲ့လည်း ခရစ်တော်ကို ဂုဏ်ပြုတဲ့ ဓမ္မတေးသီချင်းတွေ၊ တေးသရုပ်ဖော်အကတွေနဲ့ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

ခရစ်တော်ရှင် ပြန်ထမြောက်ခြင်း အီစတာပွဲတော်ကို ကမ္ဘာတဝန်းမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေက အထွက်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်လို့ နှစ်စဉ် ဧပြီလရောက်တိုင်း အလေးအနက်ထား ကျင်းပပြုလုပ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

Related posts

ကုရ်ဘာနီနေ့ အထိမ်းအမှတ်အဖြစ် မူဆလင် အကျဉ်းသား အပါအဝင် စစ်သုံ့ပန်းနဲ့ အကျဉ်းသားအချို့ ULA/AA လွတ်ငြိမ်းခွင့်ပေး

နတ်ရေကန်ရဲ့ ခြေကုပ်စခန်းတခု AA သိမ်းပိုက်

ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၅၀၀ ကို BGB ဖမ်းဆီး

14 Comment

rentry.co ဧပြီ 13, 2026 - 9:03 ညနေ
apartments for sale phuket_mnMt မေ 22, 2026 - 3:48 မနက်

apartments for sale in phuket apartments for sale in phuket

Vivod iz zapoya v stacionare_fwki မေ 22, 2026 - 4:59 မနက်

вывод из запоя в стационаре анонимно вывод из запоя в стационаре анонимно

https://literaturewiki.site/wiki/Verde_Bonuscodes_ohne_Einzahlung_Aktionen_2026 မေ 22, 2026 - 6:45 ညနေ
https://wheeler-helms.mdwrite.net/sicheres-geschutztes-und-unterhaltsames-online-glucksspiel-erwartet-sie မေ 22, 2026 - 11:35 ညနေ
apunto.it မေ 23, 2026 - 12:54 မနက်

References:

Anacortes casino apunto.it

hackmd.okfn.de မေ 23, 2026 - 7:27 မနက်

References:

Roulette betting system hackmd.okfn.de

https://peatix.com/user/29631488/view မေ 23, 2026 - 9:03 မနက်

References:

Chicago casino

References:
https://peatix.com/user/29631488/view

pad.geolab.space မေ 23, 2026 - 5:27 ညနေ

References:

Hole in the wall casino pad.geolab.space

christian-case-3.hubstack.net မေ 23, 2026 - 9:47 ညနေ

References:

Gala casino gibraltar christian-case-3.hubstack.net

Narkolog na dom_igPt မေ 23, 2026 - 11:27 ညနေ

заказать обратный звонок наркология заказать обратный звонок наркология

kyhni SPb_ygen မေ 24, 2026 - 12:43 မနက်

кухни под заказ спб https://kuhni-spb-57.ru

Add Comment