ကချင်အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆)

မနောမြေမှတေးသံသာ တေးသီချင်းနဲ့ ပရိတ်သတ် အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်တေးသံရှင် ဂျက်ဆန်ထွန်း (Lahtaw Zau Lum) ဟာ ဒီကနေ့ ဧပြီလ ၉ ရက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဂျက်ဆန်ထွန်းဟာ ပြီးခဲ့တဲ့အပတ်က ဦးနှောက်သွေးကြောထိပြီး တပတ်ခန့်အကြာ တရုတ်နိုင်ငံမှာ ဆေးကုသခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်အနုပညာရှင်တဦးဖြစ်တဲ့ ဂျက်ဆန်ထွန်းကို ကချင်ပြည်သူကြားမှာ Lahtaw Zau Lum ဆိုပြီး သိကြသလို မြန်မာပရိသတ်ကြားမှာတော့ ဂျက်ဆန်ထွန်းဆိုပြီး သိကြပါတယ်။

Related posts

စစ်ကောင်စီ မကျည်းကုန်ကင်းစခန်းကို KNLA တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရက္ခိုင်မှာ ဗုံးကြဲမှုတွေကြောင့် စစ်တွေမှာ ကုန်ဈေးတွေ မြင့်တက်

ကျောက်ဖြူတွင် အုပ်ချုပ်ရေးဌာနနဲ့ ပြည်သူများ ပူးပေါင်းပြီး သန့်ရှင်းရေး ပြုလုပ်