TNLA က မအလ ဦးဆောင်တဲ့ အစိုးရကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတိုင်းမ်စ် (၁၅ ဧပြီ ၂၀၂၆)

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) က မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ကို ဧပြီလ ၁၅ ရက်တွင် ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

“ ၂၀၂၆ ခုနှစ် ဧပြီလ ပထမအပတ်တွင် ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတတာဝန် ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်” လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့ တအာင်းတပ်မတော် (TNLA) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတဆင့် ၉ ကြိမ်မြောက်ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်နှင့် နှစ်ဘက်အပြန်အလှန်အပစ်အခက်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သဘောတူရေးထိုးခဲ့ပါသည်” လို့လည်း TNLA က ဆိုပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေနဲ့ မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် မြန်မာအစိုးရသစ်နဲ့ အပစ်အခတ်ရပ်စဲရေးကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားပြီး ဒီသဝဏ်လွှာကို ပေးပို့လိုက်ပါတယ်လို့လည်း ရေးသားထားပါတယ်။

Related posts

ကျောက်တော်နဲ့ ပလက်ဝမြို့နယ် အစပ်ကို ဂျက်ဖိုက်တာ ၅ စီးနဲ့ စကမ ဗုံးကြဲ(Breaking News)

ဖားကန့်တွင် ရက္ခိုင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို စကမ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လမ်းမပေါ် လာရောက်စွန့်ပစ်

လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ၊ ညသန်းခေါင်ပါ စကမက လေယာဉ်နဲ့ ဗုံးလာကြဲ