NewsPolitic

TNLA က မအလ ဦးဆောင်တဲ့ အစိုးရကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတိုင်းမ်စ် (၁၅ ဧပြီ ၂၀၂၆)

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) က မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ကို ဧပြီလ ၁၅ ရက်တွင် ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

“၂၀၂၆ ခုနှစ် ဧပြီလ ပထမအပတ်တွင် ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတတာဝန် ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်” လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့ တအာင်းတပ်မတော် (TNLA) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတဆင့် ၉ ကြိမ်မြောက်ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်နှင့် နှစ်ဘက်အပြန်အလှန်အပစ်အခက်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သဘောတူရေးထိုးခဲ့ပါသည်” လို့လည်း TNLA က ဆိုပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေနဲ့ မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် မြန်မာအစိုးရသစ်နဲ့ အပစ်အခတ်ရပ်စဲရေးကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားပြီး ဒီသဝဏ်လွှာကို ပေးပို့လိုက်ပါတယ်လို့လည်း ရေးသားထားပါတယ်။

Related posts

ရှေ့တန်းက ဆုတ်ခွာလာသူတွေကို စစ်ကောင်စီအရာရှိတွေကပစ်သတ်တယ်လို့ AA ထံ အလင်းဝင်လာသူ ပြော

Rakhita Times

ငါးရှာထွက်တဲ့ ကျိန္တလီသား ၂ ဦး ရေနှစ်ပျောက်ဆုံး၊ ၆ ကြာ ထိ ရှာမတွေ့သေး

Rakhita Times

စမ္မတီးချောင်းအတွင်း ရေဆင်းကူရာ ခမီအမျိုးသား နှစ်ဦး ရေစီးဖြင့်မျောပါသေဆုံး

Rakhita Times

207 comments

Leave a Comment