အာရက္ခတိုင်းမ်စ် (၂၂ မေ ၂၀၂၆)
ရက္ခိုင်ပြည်အားလုံးနီးပါးကို အာရက္ခတပ်တော် အနေနဲ့ လက်တွေ့အားဖြင့် ထိန်းချုပ်ထားတာကြောင့် စစ်ကော်မရှင်ဘက်က ဈေးဆစ်လာရင်တောင် အလျှော့ပေးမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“AA ကကြတော့ သူတို့ကို ရက္ခိင်ပြည်နယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ အတွင်းမှာပဲ အခြေခံအားဖြင့် ရှိနေတယ်။ ရှိနေတော့ သူတို့ကတော့ အဲဒီဟာက သူတို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။ လက်ရှိလည်း သူတို့က တကယ်တမ်း လက်တွေ့အားဖြင့်လည်း ထိန်းချုပ်ထားနိုင်တဲ့အခါကြတော့ သူတို့ကတော့ လျှော့ပေးမှာ မဟုတ်ဘူး။ လျှော့ပေးမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းအရင်းက သူ့ရှေ့မှာလည်း ကိုယ်တိုင် ထိန်းချုပ်ထားပြီးတဲ့အခါကြတော့ ၂၀၀၈ ကို လက်မခံတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အဲဒီ အနေအထားမျိုးကို သူတို့ မျှော်မှန်းပြီးတော့ လုပ်နေကြတာ” လို့ သူက ပြောပါတယ်။
ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တကျော့ပြန် မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် အာရက္ခတပ်တော် ကို စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ်အဖွဲ့တွေဟာ တရုတ်မှာ တွေ့ဆုံခဲ့ကြတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ The Diplomat သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့တာပါ။
အဲဒီ တွေ့ဆုံမှုမှာ ရက္ခိုင်ဒေသမှာ စစ်ကော်မရှင်တပ်တွေ မရှိစေရလို့ AA ဘက်ကနေ တောင်းဆိုခဲ့သလို စစ်ကော်မရှင်ဘက်ကလည်း ၂၀၂၃ ခုနှစ် မတိုင်ခင်က အခင်းအကျင်းမျိုးကို ပြန်သွားဖို့ တောင်းဆိုခဲ့ကြတာကြောင့် အဆင်မပြေ ဖြစ်ခဲ့ကြရာကနေ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပါ။
စစ်ကော်မရှင် ခေါင်းဆောင်နဲ့ အသွင်ကူးပြောင်းရေး အယောင်ဆောင် အစိုးရတို့အနေနဲ့ AA ဟာ ရက္ခိုင်ပြည်အတွင်းကနေ ထွက်ပြီး တခြားနေရာဒေသတွေမှာ မြို့သိမ်းတိုက်ပွဲ မလုပ်ဘူးဆိုရင်ကို ကျေးဇူးတင်ရမလို ဖြစ်နေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အစိုးရဘက်က ကြည့်မယ်ဆိုရင် AA က သူ့ရဲ့ ရက္ခိုင်ပြည်နယ်အတွင်းကနေ ထွက်ပြီးတော့ မကွေးတိုင်းတို့၊ ဧရာဝတီတိုင်းတို့ အဲဒီဘက်တွေကို ထွက်တိုက်ပြီးတော့ မသိမ်းဘူးဆိုရင်ကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေတာပေါ့။ ခြိမ်းခြောက်မှုကို သူတို့ ရပ်တန့်လိုက်မယ်ဆိုရင်။ အဲဒီတော့ သူတို့ဘက်က တောင်းဆိုတာကတော့ သူတို့ကတော့ လျှော့ပေးမှာတော့ မဟုတ်ဘူး။ သူတို့က လိုတောင် လိုနေသေးတယ်လို့ ပြောမှာပေါ့ မြို့ ၃ မြို့ ကျန်နေသေးတာကို” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့အပါအဝင် ရက္ခိုင်ပြည်ထဲက မြို့နယ် ၁၄ ခုကို သိမ်းပိုက်အုပ်ချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေသလို စစ်ကော်မရှင်ကတော့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူ ၃ မြို့မှာသာ အုပ်ချုပ်ရေး စိုးမိုးထားနိုင်နေတာပါ။
အဲဒီ ကျန်ရှိတဲ့ ၃ မြို့ကိုလည်း ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း အပြီးသတ် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲကာ အောင်ပွဲရယူမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားပါတယ်။
အဲဒီလို ထုတ်ဖော် ပြောကြားပြီး မကြာခင်မှာပဲ စစ်ကော်မရှင်ဟာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်လာသလို ထိုးစစ်တွေလည်း အပြင်းအထန် ဆင်လာကြောင်း သိရပါတယ်။
18 Comment
Thank you for sharing this detailed and highly informative post. The way you organized the main points makes it very easy to follow along, and I truly appreciate the objective tone you maintained throughout the entire piece from start to finish today.
casino acceptant neosurf
https://ro.com/ ro
https://bs2bust.at
https://3zmir.top
https://bs2baest.at
https://jobs.windomnews.com/profiles/8522435-code-promo-1xbet-2026-1xwide-bonus-jusqu-a-130
https://vhearts.net/forums/thread/31107/
https://sibrm.ru/
http://www.pinterest.com/turbo_casino/ Find the Turbo casino official site mirror to safely access your account anytime.
https://mairie-salaunes.fr/media/pgs/?offre_de_code_promo_1xbet.html
1с обслуживание и техподдержка 1с торговля склад купить программа
https://therockpit.net/wp-content/pages/melbet_free_promo_code_enter__.html
Тестомес промышленный Мощный тестомес промышленного назначения является сердцем любого хлебопекарного производства благодаря своей надежности. Он гарантирует получение пышного и качественного теста при каждой загрузке.
http://www.facebook.com/stakebonuscalculator/ Access the Stake Bonus Calculator to simplify bonus estimates.
аренда квартиры на самуи Качественная аренда виллы на Самуи включает в себя не только предоставление самого дома, но и сопутствующие услуги по уходу за садом и бассейном. Вы можете расслабиться, зная, что все технические вопросы решены за вас.
https://www.generation-n.at/forum/viewtopic.php?t=2189862
headhunting Магнум Хант Экзекьютив Серч – российское агентство по executive search, специализирующееся на подборе топ-менеджеров, членов советов директоров и директоров холдингов исключительно для крупнейших компаний и холдингов. Компания работает на рынке с 1995 года (как часть Morgan Hunt, с 2019 – под брендом Magnum Hunt). Офис в Москве, экспертиза по всем секторам экономики России и СНГ. Команда опытных консультантов обеспечивает прямой поиск и глубокую оценку кандидатов под стратегические цели бизнеса .
песни Музыкальная подборка на vk.ru/osoznan1982odin отражает разнообразие современной культуры и богатство человеческих эмоций. Здесь каждый слушатель найдет что-то созвучное своему текущему внутреннему ритму.