ကျိန္တလီကို ရွေးတုအစိုးရတပ်ရဲ့ နေဗီကနေ လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်

အာရက္ခတိုင်းမ်စ် (၉ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ကို ရွေးတုအစိုးရတပ်ရဲ့ နေဗီကနေ လက်နက်ကြီး ၁၀ လုံးထက်မနည်းကို ဇွန်လ ၈ ရက်က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ မနက် ၉ နာရီကျော်လောက်မှာ သဲကုန်းရွာကနေ မြင်ရတဲ့ စစ်တပ်နေဗီကနေ လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်တာ။ အနည်းဆုံး ၁၀ ကြိမ် ရှိတယ်။ မြို့ထဲကို မကျပဲနဲ့ တောင်ပေါ်ကို ကျလို့ တော်သေးတယ်” လို့ ကျိန္တလီမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ်သွားတဲ့ ရွေးတုအစိုးရတပ်ဟာ သူလက်လွှတ်လိုက်ရတဲ့ ဂွ၊ ကျိန္တလီ၊ သံတွဲ၊ ငပလီ၊ တောင်ကုတ် နဲ့ ရမ်းဗြဲမြို့တွေကို နေဗီကနေ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

မေလ ၂၁ ရက်ကလည်း ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျိန္တလီမြို့ကို ဗုံး ၁၀ လုံး ကြဲချခဲ့လို့ ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး နေအိမ်အချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ရွေးတုအစိုးရတပ်က အထိအခိုက် ဆုံးရှုံးမှု များပြားနေတယ်လို့လည်း သိရပါတယ်။

Related posts

တောင်မော်ကြီးရေတပ်စခန်း ကျဖို့ ကာကင်းတခုသာကျန်ရှိ

ALP ပါဝင်တဲ့ NCA ၇ ဖွဲ့နဲ့ NSPNC တွေ့ဆုံ

လှေကြီးမနစ်မြုပ်စေရေး  ပြည်သူအများ သေချာ သတိထား စီးနင်းပေး