အာရက္ခတိုင်းမ်စ် (၁၀ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ရွေးတုအစိုးရတပ်ရဲ့ ရွှေမင်းဂံရေတပ်စခန်းနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အထိ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“မြို့နားမှာကို တိုက်ပွဲတွေက ဖြစ်နေတာ။ တပ်တော်က ပိတ်ဆို့ တိုက်ခိုက်နေတဲ့သဘောရှိတယ်။ ဘာလို့ဆိုတော့ ကမ်းနားလမ်းတကြောလုံး၊ ပြီးတော့ ပွိုင့်မှာရောပဲ အင်အားတွေ အများကြီးချထားပြီး ခံစစ်ပြင်ထားတယ်။ စစ်သင်္ဘောတွေနဲ့ ကင်းလှည့်နေတာကိုလည်း မြို့ထဲကနေ မြင်နေရတယ်” လို့ စစ်တွေမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်တွေမြို့အနီးက တောကန်၊ ကျားမသောက်နဲ့ ကံ့ကော်ကျွန်းကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တွေမြို့ တောင်ဘက် ဘင်္ဂလားပင်လယ်ဝနဲ့ မြို့အရှေ့ဘက် ကုလားတန်မြစ်ဝက စစ်သင်္ဘောတွေကိုလည်း အာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
“စစ်တွေက အခြေအနေ မကောင်းတော့ဘူး ထင်တယ်။ ပြည်နယ်ရုံးက ဝန်ထမ်းတော်တော်များများကို လေယာဉ်နဲ့ ရန်ကုန်ကို ပို့လိုက်ပြီ။ ရန်ကုန်ရောက်နေတဲ့ ရာထူးသေးတဲ့ ဝန်ထမ်းတွေကိုတော့ စစ်တွေကို ပြန်လာပြီး တာဝန်ထမ်းဖို့ ဆင့်ခေါ်နေတယ် ပြောကြတယ်။ သူတို့ ဝန်ထမ်းတွေပြောလို့ အဲလို သိရတာပဲ” လို့ စစ်တွေမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ယာယီ) တပ်စခန်း ဖွင့်လှစ်ရာဖြစ်တဲ့ စစ်တွေမြို့ကို လက်လွှတ်ဆုံးရှုံးမှာ စိုးရိမ်နေတဲ့အတွက် မေလ ၂၅ ရက်က သန္ဓေစစ်သားတွေကို ရာထူး ၁ ဆင့် တိုးပေးပြီး စစ်တွေကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော်ကလည်း မေလ ၂၉ ရက်က ရက္ခိုင်ပြည်တခုလုံးနီးပါး သိမ်းပိုက် ထိန်းချုပ်နိုင်ဖို့ မျှော်မှန်းချက်မှာ လက်တကမ်း အလိုသာ ရှိတော့တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
2 Comment
Врач учитывает симптомы, риски, анамнез и семейную ситуацию, чтобы предложить подходящую программу.
Ознакомиться с деталями – https://vyvod-iz-zapoya-ehlektrostal3.ru/
Группа препаратов
Подробнее – вызвать капельницу от запоя