မြောက်ဦးမြို့ သန့်ရှင်းရေး ULA/AA လုပ်ဆောင်ပေးနေ

အာရက္ခတိုင်းမ်စ် (၁၅ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်တွင် တင်ကျန်ရစ်ခဲ့တဲ့ နှုန်းနဲ့ အမှိုက်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ဇူလိုင်လ ၁၃ ရက်မှာ သန့်ရှင်းရေးတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

“၁၃ ရက်က စပြီး သန့်ရှင်းရေးလုပ်ကြတာ၊ စစ်သည် စစ်မေတွေလည်း ပါသလို ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ နောက်ပြီး ပြည်သူတွေလည်း ပူးပေါင်းပါဝင်ပြီးတော့ လုပ်ကြတာပါ” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မြောက်ဦးမြို့နယ် သန့်ရှင်းရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကဝန်ထမ်းများ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာများ၊ အာရက္ခတပ်တော် စစ်သည်/စစ်မေများက စုပေါင်းပြီး သန့်ရှင်းရေး လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိတွင် ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ရေဘေးဒဏ် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်အတွင်း ရေကြီးမှုကြောင့် စုစု‌ပေါင်း ငါးဦး သေဆုံးခဲ့ပြီး နေအိမ်၊ လမ်း၊ တံတားများ ထိခိုက် ပျက်စီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်း စတာတွေ ဖြစ်ပွားလျက် ရှိနေပါတယ်။
Photo-APM

Related posts

ပြည်ပရောက်အသင်းတွေ စုပေါင်းပြီး ရေဘေးသင့်ဒေသခံ ၁၅၃ ဦးအတွက် ကူညီလှူဒါန်း

ရေဘေးဒဏ်ခံနေရတဲ့ ဂွမြို့နယ်ကို ရွေးတုအစိုးရတပ် ဗုံး ၄ လုံး ချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ဂွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်နေ