စာရေးဆရာ ဝေဟင်အောင် ULA ဗဟိုကတဆင့် သိန်း ၂ ထောင်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၆)

စာရေးဆရာ ဝေဟင်အောင် က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) (ဗဟို) ကတဆင့် အလှူငွေကျပ် သိန်း ၂ ထောင်ကို ပြန်လည် လှူဒါန်ပေးခဲ့တယ်လို့ သိရပါတယ်။

“ရေဘေး စစ်ဘေးအတွက် အလှူ​ငွေ သိန်း ၂၀၀၀ ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) (ဗဟို) ကတဆင့် ​လွဲအပ် လှူဒါန်းလိုက်ပါတယ်။ ဒီအလှူက ပြည်တွင်းပြည်ပက ​စေတနာရှင်တွေ ကျနော်တို့ပါးကတဆင့် ရေဘေးအတွက်ဆိုပြီး လှူထားတဲ့ အလှူ​ငွေတွေထဲက ထုတ်နုတ် လှူဒါန်းလိုက်​တာ ဖြစ်ပါတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

စာရေးဆရာ ဝေဟင်အောင် အနေဲ့ ရေဘေးခေါင်းစဉ်နဲ့ အလှူငွေ သိန်း ၅ ထောင်ကျော် ရရှိထားပြီး သိန်း ၁၅၀၀ လောက်ကိုတာ့ စာရေးဆရာ ဝေဟင်အောင် ကိုယ်တိုင် သွားရောက်လှူဒါန်းထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျန်တဲ့ အလှူ​ငွေ ၁၅၀၀ ​လောက်ကို ဒီရက်ပိုင်းမှာ စစ်ဘေး​ရှောင် အိမ်​ထောင်စု ၁၀၀၀ ​ကျော်​လောက်ကို ဖြန့်ဝေ လှူဒါန်းသွာပါဖို့။ အားလုံး သာဓု ​ခေါ်နိုင်ကြပါစေ” လို့လည်း စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။

စာရေးဆရာ ဝေဟင်အောင်ဆီကို ကချင်အဆိုတော် မိုင်းမိုင်ဆိုင်းက သိန်း ၂၀ နဲ့ 96 Soldiers PDF တပ်ဖွဲ့က ၁၀ သိန်းကျပ် လှူဒါန်းထားပါတယ်။

Related posts

 Scarlet Heart Thailand တွင် ရက္ခိုင်ဆီမီးခွက်အက ခိုးယူသုံးစွဲမှု ကန့်ကွက်ခံရ

စစ်ကောင်စီထောက်ခံ ချန်နယ်ရဲ့ ငပြီကျွန်းဗီဒီယိုမှာ AI နဲ့ ဖန်တီးထား

စစ်တွေခရိုင်က စစ်ဘေးရှောင် ၁၃၆ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိ အခမဲ့ခွဲစိတ်ကုသပေး