အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၆)
စာရေးဆရာ ဝေဟင်အောင် က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) (ဗဟို) ကတဆင့် အလှူငွေကျပ် သိန်း ၂ ထောင်ကို ပြန်လည် လှူဒါန်ပေးခဲ့တယ်လို့ သိရပါတယ်။
“ရေဘေး စစ်ဘေးအတွက် အလှူငွေ သိန်း ၂၀၀၀ ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) (ဗဟို) ကတဆင့် လွဲအပ် လှူဒါန်းလိုက်ပါတယ်။ ဒီအလှူက ပြည်တွင်းပြည်ပက စေတနာရှင်တွေ ကျနော်တို့ပါးကတဆင့် ရေဘေးအတွက်ဆိုပြီး လှူထားတဲ့ အလှူငွေတွေထဲက ထုတ်နုတ် လှူဒါန်းလိုက်တာ ဖြစ်ပါတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။
စာရေးဆရာ ဝေဟင်အောင် အနေဲ့ ရေဘေးခေါင်းစဉ်နဲ့ အလှူငွေ သိန်း ၅ ထောင်ကျော် ရရှိထားပြီး သိန်း ၁၅၀၀ လောက်ကိုတာ့ စာရေးဆရာ ဝေဟင်အောင် ကိုယ်တိုင် သွားရောက်လှူဒါန်းထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
“ကျန်တဲ့ အလှူငွေ ၁၅၀၀ လောက်ကို ဒီရက်ပိုင်းမှာ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀၀ ကျော်လောက်ကို ဖြန့်ဝေ လှူဒါန်းသွာပါဖို့။ အားလုံး သာဓု ခေါ်နိုင်ကြပါစေ” လို့လည်း စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။
စာရေးဆရာ ဝေဟင်အောင်ဆီကို ကချင်အဆိုတော် မိုင်းမိုင်ဆိုင်းက သိန်း ၂၀ နဲ့ 96 Soldiers PDF တပ်ဖွဲ့က ၁၀ သိန်းကျပ် လှူဒါန်းထားပါတယ်။
