သံတွဲ၊ ငပလီတကြောကို ရွေးတုအစိုးရ ဂျက် ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲနဲ့ ငပလီမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီကျော်ကနေ ဂျက်ဖိုက်တာ ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ငပလီမှာဆိုရင် လင်းသာနဲ့ ဂျိတ်တောကို ကျတယ်။ မောင်ရွှေလေးရေတပ်စခန်းကိုလည်း ကြဲခံရတယ် ကြားတယ်။ သံတွဲဖက်လည်း ကြဲခံရတယ် ပြောတယ်။ အသေအချာ အတိကျတော့ မသိသေးပါဘူး။ ထိခိုက် ဒဏ်ရာ ရရှိသူတွေလည်း ရှိတယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတိုင်းမ်စ်ရဲ့ ကနဦး စုံစမ်းချက်အရ ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၅ ဦးထက်နည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အသေးစိတ် အချက်အလက်ကို ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

AA ပစ်လိုက်တဲ့ လက်နက်ကြီးကျည် စစ်တွေက စစ်တပ်သင်တန်းကျောင်းကို ကျရောက်ပေါက်ကွဲ

မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ အရေးပါတဲ့ တရုတ်ရဲ့ကဏ္ဍ

စစ်တွေမြို့ထဲကို လက်နက်ကြီး ၅ ခုခန့် ကျရောက်ပေါက်ကွဲ