NewsPolitic

သံတွဲ၊ ငပလီတကြောကို ရွေးတုအစိုးရ ဂျက် ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲနဲ့ ငပလီမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီကျော်ကနေ ဂျက်ဖိုက်တာ ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ငပလီမှာဆိုရင် လင်းသာနဲ့ ဂျိတ်တောကို ကျတယ်။ မောင်ရွှေလေးရေတပ်စခန်းကိုလည်း ကြဲခံရတယ် ကြားတယ်။ သံတွဲဖက်လည်း ကြဲခံရတယ် ပြောတယ်။ အသေအချာ အတိကျတော့ မသိသေးပါဘူး။ ထိခိုက် ဒဏ်ရာ ရရှိသူတွေလည်း ရှိတယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတိုင်းမ်စ်ရဲ့ ကနဦး စုံစမ်းချက်အရ ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၅ ဦးထက်နည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အသေးစိတ် အချက်အလက်ကို ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

မင်းပြားတွင် ဘောလုံးပွဲက ပြန်လာတဲ့ ဘုတ် နစ်မြုပ်လို့ ကလေးအပါအဝင် အမျိုးသား ၉ ဦး သေဆုံး

Rakhita Times

စစ်တွေက ပညာရေးဝန်ထမ်းတွေ အစိုးရဆန် မရတာ ၂ လ ရှိနေ

Rakhita Times

ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ နှစ်ဦးထက်မနည်း သေဆုံးပြီး၊ အများအပြားဒဏ်ရာရ

Rakhita Times

Leave a Comment