ငပလီကို လေယာဉ် အုပ်စုလိုက်နဲ့ ဗုံး အလုံးရေ ၁၀၀ နီးပါး ရွေးတုအစိုးရ လာကြဲ

အာရက္ခတိုင်းမ်စ် (၂၁ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ငပလီကမ်းခြေတကြောကို ဒီကနေ့ မနက် ၁ နာရီခွဲခန့်က စတင်ပြီး ၂ နာရီကြာ ဗုံး အလုံးရေ ၁၀၀ နီးပါး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ ငပလီကမ်းခြေကို ဂျက်ဖိုက်တာ ၈ စီး၊ Y-12 ၂ စီးတို့နဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက သိရပါတယ်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေကိုတော့ အာရက္ခတိုင်းမ်စ်က ဆက်လက် တင်ဆက်ပေးပါမယ်။

အလားတူ ရွေးတုအစိုးရတပ်ဟာ ဂွမြို့နယ် ညောင်ချောင်းရွာကိုလည်း ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၃ ဦးနဲ့ ဒေသခံပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူ နေအိမ် ၂ လုံးနဲ့ စစ်ရှောင်စခန်း ၁ ခုလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Related posts

မြေပုံကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

မင်းတုန်းနဲ့ ပဒါန်းတွင် တိုက်ပွဲများ ပြင်းထန်၊ စကစ အလောင်းတချို့နဲ့ သုံ့ပန်း AA ရရှိ

ရက္ခိုင်တွင် ၂ လအတွင်း မုဒိမ်းမှုနဲ့ သတ်ဖြတ်မှု ကျူးလွန်သူ ၂ ဦး သေဒဏ်ချမှတ်ခံရ