ရန်ကုန်တွင် ရက္ခိုင်အမျိုးသမီးတစ်ဦး နေအိမ်တွင် ပစ္စည်းလု အသတ်ခံရ

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက် မင်္ဂလာသိဒ္ဓိလမ်းနဲ့ ဓမ္မပါလလမ်းထောင့် တိုက်အမှတ် ၄၅ ပထမထပ်တွင် နေထိုင်နေတဲ့ ရက္ခိုင်အမျိုးသမီးတစ်ဦး သြဂုတ်လ ၂၈ ရက် ညနေ ၅ နာရီခွဲက နေအိမ်တွင် ပစ္စည်လုယူခံရပြီး အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

“အဲအမက ရက္ခိုင်က မြေပုံ ကမ်းထောင်းကြီးကလေ။ သူ့သား သူငယ်ချင်းက ပစ္စည်းယူပြီး သတ်သွားတာ၊ သားရဲ့ သူငယ်ချင်းဆိုတော့ မိသားစုလို ခင်မင်နေကြပြီ။ အိမ်ကိုလည်း အမြဲ အဝင် အထွက် ရှိတယ်။ အခုက သူတစ်ယောက်တည်း အိမ်မှာရှိတုန်း ဖြစ်သွားတာ” လို့ ဗဟန်းမြို့နယ်နေ ရက္ခိုင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပစ္စည်းလုယက် အသတ်ခံလိုက်ရသူမှာ ရက္ခိုင်ပြည် မြောက်ဦးခရိုင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သူ ဒေါ်ခင်မိုးကြည် ဖြစ်တယ်လို့ သိရပါတယ်။

လူသတ်မှုဖြစ်ပွားပြီးနောက် သေဆုံးသူရဲ့ သားဖြစ်သူကို စစ်ဆေးရာကနေ ပြစ်မှုကျူးလွန်သူ မောင်ဉာဏ်စိုးကို စက်တင်ဘာလ ၁ ရက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ မောင်ဉာဏ်စိုးကို ဗဟန်းမြို့နယ်ရဲစခန်းကနေ ကနဦးပုဒ်မ ၃၀၂ နဲ့ စစ်ဆေး အရေးယူထားတယ်လို့ သိရပါတယ်။

Related posts

မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ် ၁၇ ကို ပြန်လွှတ်းပေးဖို့ မိသားစုဝင်တွေ တောင်းဆို

ဂွနဲ့ ငပလီထိ စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေ(Breaking News)

နတ်ရေကန်ကို အင်အင်ဖြည့်တဲ့စစ်ကြောင်း ၃ မိုင်အလိုတွင် တပ်ပျက်ပြေး