ဂွကနေ ငပလီကမ်းခြေထိ နေဗီကနေ လက်နက်ကြီးနဲ့ တိုက်ခိုက်နေ(Breaking News)

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၆)

ရက္ခိင်ပြည် ဂွကမ်းခြေကနေ ငပလီကမ်းခြေအထိကို ရွေးတုအစိုးရတပ် စစ်သင်္ဘောပေါ်ကနေ ဒီကနေ့ မနက် ၁၁ နာရီက စတင်ကာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

“အာရက္ခဒေသ၊ ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့များနှင့် အနီးပတ်ဝန်းကျင်များဖက်သို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ ရေကြောင်း တိုက်ခိုက်မှုအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ နံနက် (၁၁) နာရီ (၀၂) မိနစ်ခန့်မှ စတင် ပစ်ခတ် တိုက်ခိုက်လျက် ရှိသည်” လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

အလားတူ အာရက္ခဒေသ ပြည်သူများအနေနဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်​ရဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြရန် အသိပေးအပ်ပါတယ်လို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

ဆက်လက်ပြီးတော့ အသေးစိပ် အချက်အလက်များကို ဆက်လက် တင်ပေးသွားပါမယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်

ဂျပန် SV လိဂ်အဖွင့်မှာ ရက္ခိုင်သူ မရည်မွန်မြတ် MVP ဆုရ