အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက် ၁၀ နာရီကနေ စတင်ပြီး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
“အာရက္ခပြည်၊ သံတွဲမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယနေ့ နံနက် (၁၀) နာရီခွဲအချိန်မှ စတင်ကာ ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်” လို့ အာရက္ခတပ်တော်က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အလားတူ ဒီကနေ့ မနက် (၇) နာရီ (၄၅) မိနစ်ကနေ (၈) နာရီခန့် အချိန်အထိ ပုဏ္ဏားကျွန်းမြို့ နေရာတချို့ကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။
အသေးစိတ် အချက်အလက်ကို ဆက်လက် တင်ဆက်ပေးပါမယ်။