NewsPolitic

သံတွဲကို ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက် ၁၀ နာရီကနေ စတင်ပြီး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“အာရက္ခပြည်၊ သံတွဲမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယနေ့ နံနက် (၁၀) နာရီခွဲအချိန်မှ စတင်ကာ ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်” လို့ အာရက္ခတပ်တော်က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အလားတူ ဒီကနေ့ မနက် (၇) နာရီ (၄၅) မိနစ်ကနေ (၈) နာရီခန့် အချိန်အထိ ပုဏ္ဏားကျွန်းမြို့ နေရာတချို့ကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

အသေးစိတ် အချက်အလက်ကို ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

ဗိုလ်မှူးမောင်စောယဉ် ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်များအပေါ် ဂုဏ်ယူ ဂါရဝပြုကြောင်း ULA/AA ဆို

Rakhita Times

တောင်ကုတ်တွင် စစ်ကျန်ဗုံးကြောင့် ကလေး တစ်ဦး သေဆုံး

Rakhita Times

နတ်ရေကန်ကို အင်အင်ဖြည့်တဲ့စစ်ကြောင်း ၃ မိုင်အလိုတွင် တပ်ပျက်ပြေး

Rakhita Times

Leave a Comment