မြေပုံက ရေလုပ်သား ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး နှိပ်စက်

အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၆

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက် ညနေ ၄ နာရီခန့်တွင် မြေပုံနဲ့ ကျောက်ဖြူမြို့နယ်စပ်ရှိ မြောက်ဖြူကျွန်းအနီး ပင်လယ်ပြင်တွင် ငါးဖမ်းနေတဲ့ ဒေသခံ ရေလုပ်သား ၃ ဦးကို စစ်ကောင်စီ ရေတပ်သင်္ဘောတစ်စီးက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူများမှာ မြေပုံမြို့နယ်၊ ကျွန်းသာယာရွာက ရေလုပ်သားများ ဖြစ်ကြပြီး စက်လှေနဲ့ ပင်လယ်ပြင်တွင် ငါးဖမ်းနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူတို့ ၃ ဦးကို ရေတပ်သင်္ဘောပေါ်တွင် စစ်ဆေးမေးမြန်းကာ ရိုက်နှက် နှိပ်စက်ခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ရိုက်နှက်ခံရမှုကြောင့် ရေလုပ်သား ၃ ဦးစလုံး ပြင်းထန်ဒဏ်ရာများ ရရှိထားပြီး တစ်ဦးမှာ အိပ်ရာထဲတွင် လဲလျောင်းနေရတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီရဲ့ ရေတပ်က ဒေသခံရေလုပ်သားများကို ဖမ်းဆီး နှိပ်စက်မှုများ မကြာခဏ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Related posts

ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၇ ဦး သေဆုံး

ပြည်သူတွေအပေါ်ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြည်ပ‌ရောက်ညီနောင်ပရဟိတအသင်းများ ရှုံ့ချ

ချစ်ခြင်းမေတ္တာဖြင့် ဖန်တီးထားသော ချစ်သူစုံတွဲများ၏ နှလုံးသားပေါင်းကူးတံတား ခမီရိုးရာဝါးစောင်းတူရိယာ