အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၆)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် Express ယာဉ်တွေက ခရီးသည်ပိုင်ပစ္စည်းတွေကလွဲပြီး ကျန်တဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ခွင့်မရှိဘူးလို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။
လိုက်နာမှုမရှိဘဲ စစ်ဆေးတွေ့ရင် အမြန်လမ်းမကြီးဥပဒေအရ အရေးယူမယ့်အပြင် အမြန်လမ်းသုံးစွဲခွင့်ကိုပါ ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၄ ရက်က ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းမှာ ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲကျခဲ့ကာ လူအများအပြား သေဆုံး ထိခိုက်ခဲ့ပါတယ်။
ခရီးသည်တင်ကားပေါ်မှာ ကုန်ပစ္စည်း အလွန်အကျွံတင်ရင် အလေးချိန်ကြောင့် ယာဉ်ဘီးပေါက်တာ၊ ဘရိတ်မမိတာ၊ တိမ်းမှောက်တာတွေ ဖြစ်နိုင်လို့ ခရီးသည်လုံခြုံရေးအတွက် တားမြစ်ရတာဖြစ်ကြောင်း သိရပါတယ်။
အမြန်လမ်းပေါ်က မတော်တဆမှုတွေဟာ ယာဉ်မောင်း အိပ်ငိုက်တာအပြင် သက်တမ်းလွန် တာယာသုံးတာ၊ ဘရိတ်ချို့ယွင်းတာ၊ အရှိန်လွန်မောင်းတာတွေကြောင့် အဓိကဖြစ်ကြောင်း သိရပါတယ်။
စာရင်းအချက်အလက်တွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လအထိ အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၅၂ မှုဖြစ်ပွားပြီး လူ ၃၂ ဦး သေဆုံးကာ ၆၃ ဦး ဒဏ်ရာရခဲ့ပါတယ်။