အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့နဲ့ ဝီရဌာနီမြို့နယ်ကြား ကုလားတန်မြစ်ဝမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောတွေကို အာရက္ခတပ်တော် (AA) က သီတင်းကျွတ်လပြည့်ညမှာ ရေကြောင်းစစ်ဆင်ရေးနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“စစ်တွေနှင့် ဝီရဌာနီကြား ကုလားတန်မြစ်ဝမှာ တပ်စွဲထားတဲ့ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ရေတပ်စစ်သင်္ဘောတွေကို သီတင်းကျွတ်လပြည့်ညမှာ ရေကြောင်းစစ်ဆင်ရေးတခုနှင့် အာရက္ခတပ်တော်က တိုက်ခိုက် ရှင်းလင်းခဲ့တာ ရှိပါတယ်။ အကြမ်းဖက် မြန်မာရေတပ်စစ်သင်္ဘော ၃ စီး ထိမှန် ပျက်စီးခဲ့တာ ရှိပါတယ်။ စစ်င်္ဘော ၂ စီး နစ်မြုတ်သွားပြီးတော့ ကျန်တဲ့တစီး ဆိုးဆိုးဝါးဝါး ထိမှန် ပျက်စီးခဲ့တာ ရှိပါတယ်။ ဒီစစ်ဆင်ရေးကို အောင်မြင်စွာ စွမ်းဆောင်ခဲ့ကြတဲ့ အာရက္ခတပ်တော်က နည်းပညာရှင်တွေနှင့် အရာရှိစစ်သည်တွေ အားလုံးကိုလဲ ဂုဏ်ပြု ချီးကျူးပါတယ်လို့ ပြောလိုပါတယ်” လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီစစ်သင်္ဘော ၃ စီးလုံး ထိမှန်ခဲ့ပြီး စစ်သင်္ဘော ၂ စီး ကုလားတန်မြစ်ဝထဲမှာ နစ်မြုပ်သွားပြီး ကျန်တစ်စီးကလည်း ပြန်သုံးလို့ မရတော့အောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်ခဲ့တဲ့ AA နည်းပညာရှင်တွေ၊ အရာရှိတွေနဲ့ စစ်သည်တော်အားလုံးရဲ့ သတ္တိနဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ပြုကြောင်းလည်း ဦးခိုင်သုခ က ပြောပါတယ်။
စစ်တွေမြို့ဝန်းကျင်နဲ့ ကုလားတန်မြစ်ဝတစ်လျှောက် AA ရဲ့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းစစ်ဆင်ရေးတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။