အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၆)
“ဒီမင်းအောင်လှိုင်ကို ဘယ်လိုပြုတ်ကျအောင် လုပ်ကြမလဲ … ဒါကတော့ ဆက်လုပ်ရမဲ့အပိုင်းဖြစ်ပါတယ်” လို့ အာရက္ခတပ်တော်ရဲ့ မိတ်ဖက် PSLF/TNLA ဗိုလ်ချုပ် ဘုန်းကျော်က ဒီပလိုမာဘွဲ့အပ်နှင်းပွဲမှာ ပြောကြားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ဝေတဲ့ မိန့်ခွန်း အပိုင်း (၁) ကနေ သိရပါတယ်။
ဗိုလ်ချုပ်က မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရဟာ ၎င်းတို့ လိုချင်တဲ့၊ ယုံကြည်ရတဲ့ အစိုးရ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် “ကျနော်တို့အဖွဲ့အစည်းကလည်း မတတ်နိုင်လို့သာ အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးထားတယ်” လို့လည်း ပြောပြီး မင်းအောင်လှိုင်တို့ သွားနေတဲ့ လမ်းကြောင်းကို ဟန့်တားလို့ မရတာကြောင့် ဒီ Project ကို သွားနေရတယ်လို့ ဆိုပါတယ်။
PSLF/TNLA က စစ်ကောင်စီနဲ့ တရုတ်ရဲ့ ဝင်ညှိနှိုင်းမှုကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလ ၁၅ ရက်မှာ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ်ကို ကြိုဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မိန့်ခွန်းမှာ ဗိုလ်ချုပ်ဘုန်းကျော်က အညာဒေသနဲ့ ရက္ခိုင်ပြည်တို့မှာ ဗုံးကြဲခံနေရတာကို ရည်ညွှန်းပြီး စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ မြန်မာပြည်အတွက် အဖြေရှာပေးနိုင်ခဲ့တာ မရှိဘူးလို့ ပြောပါတယ်။
အားလုံးပါဝင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ ဖိုရမ်တစ်ခု လိုအပ်တယ်လို့လည်း ဆိုပါတယ်။