အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၆)
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က စတင်ခဲ့တဲ့ အာရက္ခတပ်တော် (AA) ရဲ့ တကျော့ပြန်တိုက်ပွဲ ၃ နှစ်ပြည့်မှာ CDM ဗိုလ်ကြီးဇင်ယော်က ကိုယ်ပိုင် သုံးသပ်ချက်တစ်ရပ် ရေးသားခဲ့ပါတယ်။
ဗိုလ်ကြီးဇင်ယော်ရဲ့ သုံးသပ်ချက်အရ AA ဟာ ၁၇ နှစ်တာခရီးမှာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်လုနီးပြီလို့ ဆိုပါတယ်။
၃ နှစ်ကာလအတွင်း ရက္ခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားနိုင်ပြီး ရက္ခိုင်ရိုးမနဲ့ ထိစပ်တဲ့ ချင်း၊ မကွေး၊ ပဲခူးနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေအထိ စစ်မျက်နှာဖွင့်ထားတယ်လို့ သူက ရေးသားထားပါတယ်။
ဗိုလ်ကြီးဇင်ယော်က ရက္ခိုင်မှာ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၃ ခုနှစ် အထိ ကာလက စစ်ရေးဖော်ဆောင်မှု မရှိဘူးလို့ လှောင်ပြောင်မှုတွေ ရှိခဲ့တယ်လို့ ရေးသားထားပြီး ဒီအချက်တွေကပဲ ရက္ခိုင်ပြည်သူတွေအတွက် ခွန်အားဖြစ်ခဲ့ပုံပေါ်တယ်လို့လည်း သူက ဆိုပါတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျန်ရှိတဲ့ မြို့တွေကို ၂၀၂၇ အတွင်း သိမ်းပိုက်မယ်လို့ ပြောခဲ့ပြီး ဒုတိယတပ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က အခက်ခဲဆုံးအချိန်တွေကို ဖြတ်ကျော်ရမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားဖို့ အသိပေးထားတယ်လို့ သူက ဆိုပါတယ်။