စစ်တွေမြို့အနီးကို စစ်ကောင်စီက ည ၁ ခွဲကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တယ်နေ

အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ည ၁ နာရီခွဲကနေ အခုအချိန်ထိ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့နေတယ်လို့ သိရပါတယ်။

“ည ၁ နာရီခွဲကနေ စချတာ ကြောက်တာ နေစရာ မရှိဘူး၊။ အသံက တအား ကျယ်တယ်။ အိမ်က ဒုန်းခနဲ့ ပြိုကျမလိုပဲ။ အခုလည်း မိုးလင်းကတည်းက Y-12 ချနေတာ မရပ်သေးဘူး” လို့ ဝီရဌာနီမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်ကစပြီး စစ်တွေမြို့အနီးတစ်ဝိုက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လေကြောင်းပစ်ကူ ပေါင်းစုံပါတဲ့ တိုက်ပွဲသံတွေကို မြို့ပေါ်အထိ အဆက်မပြတ် ကြားနေရတယ်လို့ သိရပါတယ်။

ကုလားတန်မြစ်အတွင်းက ငပြီကျွန်းဘက်မှာ စစ်ကောင်စီရဲ့ စစ်ရေယာဉ်တွေ ချဉ်းကပ်နိုင်ခြင်းမရှိလို့ လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေတယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့ထဲမှာ တိုက်ပွဲ မဖြစ်သေးပေမယ့် စစ်ကောင်စီက စစ်တွေကနေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဝီရဌာနီမြို့နယ်တွေကို လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ပုံမှန်လုပ်နေတယ်လို့လည်း သိရပါတယ်။

AA က ၃ နှစ်ပြည့်ထုတ်ပြန်ချက်မှာ စစ်တွေအပါအဝင် ကျန်ရှိတဲ့ မြို့တွေကို ဆက်လက် သိမ်းပိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။

Related posts

စနဲမြို့ကို ဒရုန်းသုံး တိုက်ခိုက်လို့ နေအိမ် အများအပြား မီးလောင်ပျက်စီး

နေ့တိုင်းနီးပါး ဗုံးကြဲသံတွေကြောင့် စစ်တွေလူထု ကြောက်စိတ်တွေ ဖြစ်နေ

CPU/CPA ၁ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ULA/AA ကို ကျေးဇူးတင်ကြောင်း ဖော်ပြ