သံတွဲမြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၇ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ သံတွဲမြို့ပေါ်က GTI ကျောင်းနဲ့ အ.ထ.က (၁) ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ဦးသေပြီး ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက် နေ့လယ် ၁၁ နာရီခွဲခန့်မှာ သံတွဲမြို့၊ အမှတ် ၈ ရပ်ကွက်က အ.ထ.က (၁) နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) ကျောင်းပေါ်ကို စစ်ကောင်စီတပ်က ဗုံးသီး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းအနီးတစ်ဝိုက်မှာ ရှိနေတဲ့ အမျိုးသား ၂ ဦး ဗုံးစထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အလားတူ ဒေသခံပြည်သူ ၄ ဦးလည်း ထိခိုက် ဒဏ်ရာ ရခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်၊ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ဆက်လက် စုံစမ်း အတည်ပြုနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက နိုဝင်ဘာလ ၅ ရက်နဲ့ ၇ ရက်မှာလည်း သံတွဲမြို့ပတ်ဝန်းကျင်ကို ရေတပ်နေဗီတွေကနေ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

စစ်တွေ၊ ကျောက်ဖြူမှာ စစ်ကောင်စီ အင်အားတိုးချဲ့၊ ထိုးစစ်အရှိန်မြှင့်ဖို့ ညွှန်ကြား

တောင်ကုတ်မြို့နယ်က ရပ်ရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ဆေးကုသမှု ပြုလုပ်

ကျောက်တော်ကို ညက ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲလို့ အရပ်သား ၂ ဦး ဒဏ်ရာရ