Languages%WP_TITLE_SEP%ဗမာစာ

AA နဲ့အတူ စစ်ကောင်စီကို အဆုံးစွန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်တပ်မတော် ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ချင်းပြည်သူ့ကောင်စီ/ချင်းပြည်တပ်မတော်က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပတယ်။ ချင်းပြည်သူ့ကောင်စီ/ချင်းပြည်တပ်မတော် အနေနဲ့ မိမိတို့ရဲ့ သွေးချင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့
Read more

ဝီရဋ္ဌာနီမြို့ကို ညသန်းခေါင် ဂျက် ၃ စီးနဲ့ ဗုံးကြဲလို့ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ဝီရဋ္ဌာနီမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင် (အောက်တိုဘာလ ၁) ၁၂ နာရီကျော်ခန့်တွင် ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံးတွေ အဆက်မပြတ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်စခန်းကနေ တက်လာတဲ့
Read more

အိန္ဒိယဈေး ဗုံးကြဲခံရမှုအပေါ် PRA – Magway၊ SF/SAF နဲ့ PIO/PIA တို့ သဘောထား ပူးပေါင်းထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးနဲ့ အိန္ဒိယဈေးတို့အပေါ် စစ်ကောင်စီတပ်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)၊ ကျောင်းသားတပ်ဦး (ကျောင်းသားလက်ရုံးတပ်တော်) နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်ဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PIO/PIA) တို့က စက်တင်ဘာလ ၃၀ ရက်မှာ
Read more

ပုဏ္ဏားကျွန်းကို ဗုံးကြဲတိုက်ခိုက်၊ ၄ နှစ်အရွယ် ကလေးအပါ ၂ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်ဆိပ်ရွာအနီးကို စစ်ကောင်စီက စက်တင်ဘာလ ၃၀ ရက် ည ၉ နာရီအချိန်တွင် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့
Read more

စစ်ကောင်စီဟာ “စစ်ရှုံးတပ်” ဖြစ်နေပြီလို့ AA ပြော

အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် စက်တင်ဘာလ ၄ ရက်က စတင်ပြီး စစ်ကောင်စီတပ်က နေရာ ၄ ခုမှ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့သော်လည်း အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန် ထိုးစစ်များကြောင့် တပ်လန်ခဲ့ပြီး “စစ်ရှုံးတပ်” အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်တယ်လို့
Read more

၂၀၂၆ နှစ်ကုန်ပိုင်း တိုက်ပွဲအခြေအနေ ပိုပြင်းထန်လာနိုင်

အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၆) ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရက္ခိင် စတဲ့ ဒေသအသီးသီးမှာ စစ်ရေးနဲ့ တိုက်ပွဲတွေ လျော့ကျသွားဖွယ်မရှိဘဲ ပိုဆိုးလာစရာပဲ ရှိတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က
Read more

စစ်ကောင်စီရဲ့ ဗုံးကြဲမှုအပေါ် တုံ့ပြန်မယ်လို့ ULA/AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည်တွင် စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်များ၊ စျေးများ၊ စာသင်ကျောင်းများနဲ့ ဘာသာရေးအဆောက်အအုံများကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်လျက်ရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က စက်တင်ဘာလ ၂၈ ရက် က ထုတ်ပြန်
Read more

ကျောက်တော်မြို့ ဗုံးကြဲခံရမှု ပြည်သူ (၃၃) ဦးခန့် သေဆုံး၊ (၃၆) ဦး ဒဏ်ရာရ (AA ထုတ်ပြန်)

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဒီကနေ့ (စက်တင်ဘာလ ၂၈ ရက်) နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမှာ လက်ရှိအချိန်အထိ (၃၃) ဦးခန့် ရှိလာပြီဖြစ်တယ်လို့ အာရက္ခတပ်တာ်က
Read more

စစ်တွေမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် လူကုန်ကူးမှု တားဆီးရန် ခက်ခဲနေ

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၆) ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့် ပြည်ပကို အလုပ်သွားလုပ်မယ်ဆိုတဲ့ မက်လုံးနဲ့ လူကုန်ကူးမှုတွေ ရှိနေပေမယ့် တားဆီးဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို လူကုန်ကူးတာတွေကို သိပေမယ့်လည်း မိသားစု စားဝတ်နေရေးအတွက် သွားရောက်လိုကြတဲ့သူတွေ ဖြစ်တာကြောင့်
Read more

ကျောက်တော် ဗုံးကြဲတိုက်ခိုက်မှု ထိခိုက်မှုများ

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာလ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက နေ့လယ် (၁၂) နာရီ (၁၀) မိနစ်နဲ့ (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူတွေ ထိခိုက်မှု များပြားပြီး ဆုံးရှုံးမှုလည်း များပြားနေတယ်လို့ သိရပါတယ်။
Read more