Languages%WP_TITLE_SEP%ဗမာစာ

ဧရာဝတီတိုက်ပွဲတွင် စကမရဲ့ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ ဗိုလ်ကြီးအဆင့်ရှိသူများ သေဆုံး၊ ထိခိုက်မှုများနေ

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆) ဧရာဝတီတိုင်းတိုက်ပွဲအတွင်းတွင် စစ်ကော်မရှင်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ဗိုလ်ကြီးအဆင်ရှိသူများ သေဆုံး၊ ထိုခိုက်မှုတွေ များပြားနေတယ်လို့ သိရပါတယ်။ လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း နေရာ ၃ ခုထပ်မနည်း အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ “
Read more

ARSA ပြန်ပေးဆွဲခံထားရတဲ့ မွတ်ဆလင် လူငယ် ၁ ဦး ပြန်လွတ်မြောက်လာ

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆) ARSA အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ ရက္ခိုင်ပြည် မောင်တောမြို့နယ်က အသက် ၁၃ နှစ်အရွယ် မွတ်ဆလင် လူငယ် ၁ ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ ‎အဆိုပါ မူဆလင်လူငယ်မှာ ရက္ခိုင်ပြည် မောင်တောမြို့ နယ်
Read more

စစ်တွေမှာ အရွက် ၈၀ ပါ ကွမ်းတဗီယာ (တစည်း) ကို ခုနှစ်သောင်းအထိ ဈေးမြင့်တက်

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆) ရက္ခိုင်ပြည် စစ်တွေမြို့မှာ အခုရက်ပိုင်းအတွင်း ကုန်တင်လေယာဥ် မဆင်းသက်ခဲ့တာကြောင့် အရွက် ၈၀ ပါ ကွမ်းတဗီယာကို ငွေကျပ် ခုနှစ်သောင်းခန့်အထိ ဈေးမြင့်တက်ခဲ့တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “အဲဒါတော့ မပြောတတ်ဘူး။ လေယာဉ် ၄၊ ၅ ရက်မလာဘူးဆိုပြီးတော့
Read more

လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၈ ​ဖေ​ဖော်ဝါရီ ၂၀၂၆) ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေပြင်းထန်နေလို့ သိရပါတယ်။ “ ၂၅ ရက်ကတည်း ဂျက်ဖိုက်တာတွေ အနည်းဆုံး ၃ စင်းလောက်နဲ့လာလာပြီး ဗုံးလာကြဲတယ်။ အခုဆို မြို့ထဲကတောင် ကြားနေရတယ်။ လက်နက်ကြီး ပစ်သံတွေလည်း ကြားနေရတယ်”
Read more

စစ်တွေထောင်ထဲက အစာငတ်ခံ တိုက်ပွဲ (ပထမပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇) *** ဌေးဝင်း *** စစ်တွေထောင်ဆိုတာ မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်အရ (က) အဆင့် ထောင်ဖြစ်တယ်။ အကျဉ်းသား ထောင်နဲ့ချီကို ချုပ်နှောင် အကျဉ်းချထားနိုင်တဲ့ နေရာပေါ့။ ဒီထောင်ဟာ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ထောင်။ ဒီထောင်တွင်းမှာ အချုပ်ဆောင် ၂
Read more

ရက္ခိုင်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ကို ဗိုလ်ချုပ်ဖိတ်ခေါ်

အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၆) အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အသစ်ခန့်အပ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခါလီလာရာမန် (Khalilur Rahman) ထံသို့ ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး လမ်းကြောင်းသစ်တခု ဖော်ဆောင်ရန် တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့
Read more

စစ်တွေက စစ်ရှောင်ပြည်သူ ၅၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန အခမဲ့ ဆေးကုသပေးနေ

အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၆)  ရက္ခိုင်ပြည်၊ စစ်တွေခရိုင်အတွင်းက စစ်ရှောင်များ အပါအဝင် ဒေသခံပြည်သူ ၅၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နယ်လှည့်ပြီး အခမဲ့ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ စစ်တွေခရိုင်အတွင်းက ရွာပေါင်း (၁၄) ရွာမှ ဒေသခံနဲ့ စစ်ရှောင်ပြည်သူ စုစုပေါင်း ၄၆၅ ဦးကို လိုအပ်နေတဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ နေရာတွေကတော့ စစ်တွေမြို့နယ် ပါဒလိတ်၊ ကျောက်တန်းကြီး၊ အမြင့်ကျွန်းစတဲ့ နေရာတွေက စစ်ရှောင်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတချို့ ပါဝင်တယ်လို့ သိရပါတယ်။ တွေ့ရှိရတဲ့ ရောဂါများမှာ အရေပြားရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အထွေထွေရောဂါ စတာတွေ အဖြစ်များတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။ အလားတူ ရက္ခိုင်ပြည် တောင်ကုတ်ခရိုင်အတွင်ရှိ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်က စတင်ကာ နယ်လှည့်ကွင်းဆင်းပြီး အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။ Photo – Arakan Princess Media
Read more

ယိုးငူဖြစ်စဉ်မှာ ထိခိုက်ခဲ့သူတွေ စားဝတ်နေရေး အခက်ကြုံနေ

အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ထိခိုက်ခဲ့သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အသက် ၇ နှစ်အရွယ်ကနေ အသက် ၆၀ အရွယ်ရှိ ကျား/မ စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ “ ယိုးငူဖြစ်စဉ်မှာတော့ ကျနော်တို့ အသင်းကတော့ ဖြစ်တာနဲ့ ချက်ချင်း ၁၀ မိနစ်အကွာလောက်မှာ အရေးပေါ်လူနာတွေ ကယ်ထုတ်တာ ရှိတယ်။ နောက်ပြီးတော့မှ အရေးပေါ်လူနာတွေရဲ့ လိုအပ်ချက်ပေါ့။ သွေးလိုတဲ့လူတွေကို သွေးအရေးပေါ်ရှာပေးတာတွေ လုပ်ပေးတယ်။ ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးရဲ့ ကားနဲ့ ကျနော်တို့အသင်းကနေပြီး ဒီအဖွဲ့ဝင်တွေနဲ့ ဆေးရုံဆေးခန်းရှိတဲ့ နေရာတွေကို ဆက်တိုက် တဆက်တည်း လုပ်ပေးခဲ့တယ်။ လက်ရှိကတော့ ကျန်တဲ့ ဒဏ်ရာရတဲ့ မိသားစုတွေကတော့ အဓိက စားဝတ်နေရေး ဒီဥစ္စာတော့ အခက်အခဲ ရှိတယ်ဗျ။ ထိခိုက် နစ်နာသွားတဲ့လူတွေအတွက် ရခိုင်မျိးချစ်လူငယ်အသင်းကတော့ တတ်နိုင်သလောက် ထောက်ပံ့ ကူညီသွားဖို့ ကြိုးစားပြီး လုပ်နေတာ ရှိတယ်ဗျ”  လို့ အဆိုပါ ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူကအာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒါ့အပြင် ယိုးငူရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆ နှစ် အရွယ် ကနေ အသက် ၇၀ အရွယ်ရှိ အပြစ်မဲ့ပြည်သူ ကျား/မ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ကနဦး ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သေဆုံးသူ ၁၈ ဦးအထိ ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။
Read more

တရားမဝင် အရက်၊ ဘီယာများကို DLEPS ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မြေပုံမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များပ တရားမဝင် အရက်၊ ဘီယာများကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီလပ် (DLEPS) အနေနဲ့ ပြည်ပက အရက်၊ ဘီယာ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို လိုက်လံ ရှာဖွေ စစ်ဆေး ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။ ရက္ခိုင်ပြည် မြေပုံမြို့၊ သဲတန်းရပ်ကွက်တွင် ANDAMAN အရှည် ၂၄ ဖာ၊ Grand Sherry Cask ၂၁ ဖာနဲ့ ၇ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလပ် (DLEPS) က သိမ်းဆည်းရရှိထားတဲ့ ပြင်ပ အရက်၊ ဘီယာတွေကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းပြီးတော့ တရားမဝင် ရောင်းချနေတဲ့ သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ရက္ခိုင်ပြည်မှာမှာ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ဖို့နဲ့ တင်သွင်းထားပြီးဖြစ်တဲ့ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် နဲ့ ယစ်မျိုးကုန်တွေကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကနေ (၃) လအတွင်း ကုန်အောင် အပြီးသတ်ရောင်းချကြဖို့ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က သတိပေး နှိုးဆော်ခဲ့ပါတယ်။ အလားတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေက တရားမဝင် ပြင်ပက အရက်၊ ဘီယာတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။
Read more

သစ္စာဖောက်တယောက်ပေါ်ရုံနဲ့ တော်လှန်ရေး ဘာမှမဖြစ်

အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၆) စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အခင်းအကျင်းမှာ သစ္စာဖောက်တယောက်ပေါ်ရုံနဲ့ ဘာမှမဖြစ်သွားဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ လက်ရှိကာလမှာ ပွင့်လင်းရာသီဖြစ်တဲ့အလျောက် KIA ရဲ့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်လို့ ပြောဆိုခဲ့တဲ့အတွက် တိုက်ပွဲတွေ
Read more