အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇)
***
ဌေးဝင်း
***
စစ်တွေထောင်ဆိုတာ မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်အရ (က) အဆင့် ထောင်ဖြစ်တယ်။ အကျဉ်းသား ထောင်နဲ့ချီကို ချုပ်နှောင် အကျဉ်းချထားနိုင်တဲ့ နေရာပေါ့။ ဒီထောင်ဟာ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ထောင်။ ဒီထောင်တွင်းမှာ အချုပ်ဆောင် ၂ ဆောင်။ အကျဆောင် ၂ ဆောင် ရှိသလို နိုင်ငံရေးအကျဉ်းသားတွေ သေဒဏ် ကြိုးမိန့်ကျနေသူတွေကို သပ်သပ်ထားတဲ့ တိုက်ဝင်းလည်း ရှိသေးတယ်။
အကျရုံး အချုပ်ရုံး ဆေးရုံ ဖိုကြီး အလုပ်ကြီး ရိက္ခာဆောင် စသဖြင့် အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့ ဖွဲ့ထားတဲ့ ထောင်ထဲက ရုံးဌာနတွေလည်းရှိတယ်။ ဒီဌာနတွေလည်ပတ်ရာမှာ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေနဲ့အတူ အကျဉ်းသားတွေလည်း ပါဝင်လုပ်ကိုင်ရတယ်။ ထောင်ပိုင်က ဦးစိုင်းအောင်ထွန်း။ ဆေးရုံဆရာဝန်က ဒေါက်တာဝင်းကိုကို။ ထောင်က စစ်တွေမြို့ထဲက ပြည်တော်သာအရပ်မှာ တည်ရှိတယ်။ ထောင်ပတ်ဝန်းကျင်မှာက သူတော်မကျောင်းလို့ ခေါ်ကြတဲ့ စစ်တွေ အထက (၄) နဲ့ ပြည်တော်သာဈေး ရှိကြတယ်။
စစ်တွေထောင်ကို ငါမရောက်ခင်က ဒီအထဲမှာ အစာငတ်ခံ ဆန္ဒပြပွဲတပွဲ ဖြစ်ပွါးဖူးကြောင်း ကြားထားရလို့ အဲဒီအကြောင်းကို သေသေချာချာ သိချင်နေတယ်။ ထောက်လှမ်းရေးကို သတ်တဲ့အမှုနဲ့ မတရား တရားစွဲခံ ထားရတဲ့ (၁၇) ယောက် အုပ်စုက ဦးဆောင်လုပ်သွားတာမို့ တနေ့အချိန် ရတဲ့အခါ သိန်းအောင်ကျော်ကို ငါ့ကို ပြန်ပြောပြဖို့ ပြောထားတယ်။
ငါသိထားဖူးသလောက် ဗဟုသုတအရ ကိုကိုးကျွန်းက ထောင်တွင်းတိုက်ပွဲမှာ အစာငတ်ခံ ဆန္ဒပြတာ ပါတယ်။ ကိုကိုးကျွန်းက နာမည်ကျော် ကျွန်းတိုက်ပွဲထဲမှာ ရက္ခိုင်သားတွေလည်း ပါတယ်။ ဘီဘီစီ ဦးလှဖေ (နောက် သူက အာရ်အက်ဖ်အေ မှာ ပြောင်းလုပ်တော့ အာရ်အက်ဖ်အေ ဦးတင့်ဇော်လို့ နာမည်ပြောင်းထားတယ်)။ သူက ရန်ကုန်တက္ကသိုလ်က ဆရာ။ ပြီးတော့ စစ်တွေဆန်ပြဿနာက လူတွေလည်း ကိုကိုးကျွန်းတိုက်ပွဲမှာ ပါသေးတယ်။
ငါသိသလောက် အစာငတ်ခံတိုက်တာဟာ ထောင်တွင်းတိုက်ပွဲမှာ အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံး လှုပ်ရှားမှုပေါ့။ ထမင်းအသက် ခုနစ်ရက် ရေအသက် တမနက်လို့ ဆိုကြတယ် မဟုတ်လား။ အသက်ကို အပေါင်ထားပြီး တိုက်တဲ့ပွဲထက် အရင်းအနှီးကြီးတာ ကျန်တာ ဘာတိုက်ပွဲ ရှိဦးမှာလဲ။ ဒီပွဲမျိုးမှာ နှစ်ဘက်စလုံးက အဆုံးစွန်ထိ တင်းမာရင် ဆန္ဒပြသူဘက်က အသက်ပါသွားဖို့ သေချာတယ်။ အလားတူ အုပ်ချုပ်သူဘက်ကလည်း နိုင်ငံရေးအရ ဂုဏ်သိက္ခာ လုံးဝ ကျဆင်းသွားနိုင်သလို လူသတ်တရားခံ အာဏာရှင် မင်းဆိုးမင်းညစ်ဆိုတဲ့ သမိုင်းဆိုးကို ရသွားနိုင်တဲ့ သဘောမျိုးရှိတယ်မဟုတ်လား။ သိန်းအောင်ကျော် အလုပ်သိပ်မများတဲ့တနေ့မှာ ငါ့ကို သူတို့ လှုပ်ရှားခဲ့တဲ့ အစာငတ်ခံ ဆန္ဒပြပွဲအကြောင်းကို ခုလို ပြောပြခဲ့တယ်။
“ဒီအကြောင်းက စစ်တွေထောင်ရဲ့ သမိုင်းတပုဒ်ဘဲ ကိုကျော်။ ဒီနေ့ ကျွန်တော် အလုပ်သိပ်မများဘူး”
လို့ ဆိုပြီး အချုပ်ဆောင် ရေချိုးတဲ့ရေတွင်းအနီးမှာ ထိုင်ပြီး ပြောပြတယ်။ ငါတို့ နှစ်ယောက်စလုံးက အမိန့်ချ မခံရသေးဘူး။ စစ်တွေထောင်မှာက အချုပ်သားတွေကို တချိန်လုံး အခန်းထဲ လှောင်ပိတ်ထားတာ မဟုတ်တော့ အချိန်ရရင် ရသလို ပြောနေကြ ဆိုနေကြတာဟာ ထောင်ထဲက သဘာဝပါ။ များသောအားဖြင့်တော့ အကျဉ်းသားတွေကို တခုမဟုတ်တခု ထောင်ပရဝုဏ်ထဲမှာ အလုပ် ခိုင်းထားတတ်ကြတယ်။ မြက်နုတ်တာမျိုး။ ထုံးသုတ်တာမျိုး။ အခန်းသန့်ရှင်းရေး။ အာဏာပိုင်တွေရဲ့ ဝေယျာဝစ္စတွေလည်း ပါတယ်။
“ဒီလို ကိုကျော်ရဲ့။ အချိန်ကတော့ ၁၉၈၉ ခုနှစ် နှစ်စ။ ဆောင်းတွင်းကာလလောက်ပေါ့။ ကျနော်တို့ အမှုတွဲတွေ တဖြည်းဖြည်း ထောင်ထဲရောက်လာကြတယ်။ ဒီတော့ ကျနော်တို့အုပ်က လူအင်အား တဖြည်းဖြည်း ချင်း တိုးလာတယ်။ ကျနော်တို့လူတွေ များလာတော့ ရိက္ခာဂိုထောင် အချုပ်ရုံး ထောင်ကျရုံး ဆေးရုံ အလုပ်ကြီး အားလုံးမှာ ဘုတ်ကိုင်တာဝန်တွေ ယူကြတယ်။ စီးပြီးသား ဖြစ်သွားတာပေါ့။ စီးပြီးသားဆိုတာက ကျနော်တို့လူတွေ နေရာတကာမှာ ဝင်လုပ်နေကြတာကို ဆိုလိုတာ။ ဆေးရုံကို ကျနော် ကိုင်ထားတယ်”
“အေး.. အားလုံးက တက်ကြွတဲ့အရွယ်။ ငယ်လည်းငယ်ရွယ် ထက်လည်းထက်မြက်။ ပြီးတော့ စစ်တွေသားတွေချည်းဖြစ်တဲ့အပြင် လူတွေ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ထောက်လှမ်းရေးသုံးကောင်ကို သတ်ထားတယ်ဆိုတဲ့ အမှုနဲ့ဆိုတော့ ထောင်အာဏာပိုင်တွေလည်း ဖြုံမှာပေါ့လေ”
“ကိုကျော်ပြောတာ သိပ်မှန်တယ်။ ပြီးတော့ ထောင်ဝန်ထမ်းတွေကလည်း ကျနော်တို့နဲ့ သိတာများပါတယ်။ တချို့ကျ ကျောင်းနေဘက်သူငယ်ချင်း။ တချို့ကျလည်း ကျနော်တို့ရဲ့ လက်တံတွေနဲ့ မကင်းလွတ်နိုင်တာတွေ ရှိတာပေါ့။ စစ်တွေမြို့ထဲက ခေါင်းပေါ်ဆယ့်ခုနစ်ယောက်ကို ထည့်ထားရတာဆိုတော့ ကိုကျော် စဉ်းစားကြည့်လေ။ ဒီအထဲ ကိုကျော့်သူငယ်ချင်းအရင်းတွေ ကိုကျော့်ရွာထဲက ကိုကျော့်ဘော်ဒါတွေလည်း ပါနေတာဘဲဟာ”
“သဘောပေါက်တယ် သိန်းအောင်ကျော်။ ဒီအုပ်စုထဲမှာက ကရာတေးသမား ဂျူဒိုသမား သိုင်းသမားတွေလည်း ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေလည်း ပါတယ်။ မြို့မျက်နှာဖုံး မျက်နှာကြီးသားသမီးတွေလည်း ပါနေတယ် မဟုတ်လား”
ငါက အဲသလိုပြောတော့ သူက ဟုတ်တယ်ဆိုတဲ့သဘောမျိုးဖြင့် ခေါင်းညိတ်ပြတယ်။ ပြီးတော့ သူ့အမှုတွဲတွေရဲ့ နာမည်တွေကို ရွတ်ပြတယ်။
၁ – ကိုထွန်းမြိုင် (မကျည်းမြိုင်ရပ်ကွက်)
၂ – ကိုထွန်းတင် (မကျည်းမြိုင်ရပ်ကွက်)
၃ – ကိုလှမောင် (မကျည်းမြိုင်ရပ်ကွက်)
၄ – ကိုသိန်းအေးချေ (ပလုတ်တောင်ရပ်ကွက် – ရဲနွယ်စု)
၅ – ကိုထွန်းလှိုင် (ဘောလုံးကွင်းရပ်ကွက်)
၆ – ကိုမောင်လှဖြူ (လမ်းမတော်တောင်ရပ်ကွက်)
၇ – ကိုအောင်မြင့်စိန် (ခေါ်) မောင်ချေ (ရွှေပြားရပ်ကွက်)
၈ – ကိုသိန်းအောင်ကျော် (မောလိပ်ရပ်ကွက်)
၉ – ကိုကျော်ငြိမ်း (ရှေ့နေ ဦးသံသီးဖြူရဲ့သား – တက္ကသိုလ်ကျောင်းသား စစ်တွေ ကောလိပ်)
၁၀ – ကိုလှမောင်ချေ (သိုင်းပြောင်းပြန်) တက္ကသိုလ် စာပေးစာယူကျောင်းသား
၁၁ – ကိုကျော်နု (အထက ၁ မကျည်းမြိုင်)
၁၂ – ကိုစောမြကျော် (ကဗျာဆရာ စစ်တွေစောနောင်ရဲ့သား- ဂျီတီအိုင်ကျောင်းသား)
၁၃ – ကိုညီလေး (သင်္ချာမေဂျာ စာပေးစာယူ တက္ကသိုလ်ကျောင်းသား)
၁၄ – ကိုအေးထွန်း (အထက ၂)
၁၅ – ကိုနိုင်နိုင် (ရူပရွာ)
၁၆ – ကိုခင်မောင်အေး (ကျေးပင်ကြီးရပ်ကွက်)
၁၇ – ကိုမြင့်ကျော် (မကျည်းမြိုင်ရပ်ကွက်)
ပြီးတော့ သူတို့အုပ်စုက အကျဉ်းသားတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံတယ်။ သူတို့ဘက်ပါအောင် ဘယ်လိုစည်းရုံးထားတယ်ဆိုတာကို ခုလို ထပ်ပြောပြပြန်တယ်။
“အထဲရောက်ပြီး သိပ်မကြာခင်မှာ ကျနော်တို့ဦးဆောင်ပြီး ထောင်သားတွေကို ကျန်းမာရေးအတွက် ကာယလေ့ကျင့်ခန်းကို လုပ်ပေးတယ်။ အားလုံး ကျန်းမာကြံ့ခိုင်အောင် လုပ်ပေးတာ။ အရှုံးထဲက အမြတ်တခုအနေနဲ့ပေါ့ ကိုကျော်။ ပြီးတော့ တချို့တွေမှာ အရေးတကြီးလိုအပ်တဲ့ ဆရာဝန်ထောက်ခံစာရအောင် ကျနော်လုပ်ပေးတယ်။ အာမခံရအောင်လုပ်တာမှာ ဆရာဝန်ထောက်ခံစာက သိပ်အရေးကြီးတယ်လေ။ ဆေးရုံကိစ္စကို အဓိကတာဝန်ယူရတာက ကျနော်ဘဲ။ ကျနော်တို့အုပ်စုက စားရေးသောက်ရေး အဆင်ပြေအောင်လည်း မိသားစုတွေနဲ့ ဆက်သွယ်ပြီး တတ်နိုင်သလောက် ကူညီပံ့ပိုးကြတယ်။ တချို့တလေဆို ရုံးထွက်မှာ ဝတ်ဖို့ အဝတ်အစားကအစ ကူညီပေးကြရတာ။ ဒါတွေက ထောင်ဝင်စာမလာနိုင်တဲ့ သူတွေအတွက် တဘက်တလမ်းက အထောက်အကူ ပေးတဲ့သဘောပေါ့။ အဆင်ပြေတဲ့သူရှိသလို မရှိတဲ့သူလည်း ရှိကြတယ် မဟုတ်လား”
“အေး .. ဟုတ်တာပေါ့။ ထောင်ဆိုတာက အမိတရာသား အဖတရာသားတွေ။ စရိုက်ကလည်းစုံ။ ဘဝကလည်း စုံ။ ဒီလူ တရာ့တဖာသားကို သိန်းအောင်ကျော်တို့ အုပ်စုက နည်းမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံကြတဲ့ ညီညွတ်တဲ့စိတ်ဓာတ် အင်အားကိုတော့ ငါ မချီးကျူးဘဲ မနေနိုင်ဘူး”
“ကျနော်တို့တွေက ထောက်လှမ်းရေးတွေ စွပ်စွဲသလို တကယ်လူသတ်ပြီး အထဲကိုရောက်လာတာမှမဟုတ်တာ ကိုကျော်။ အပြင်မှာတုန်းကလည်း မဟုတ်တာဆို တစက်မှ မခံတဲ့ကောင်တွေချည်းလေ။ ကိုကျော်လည်း ကျနော်တို့အကြောင်းကို သိနေတာဘဲ။ ဒီလို နေရာတကာ စီးထားတော့ ထောင်အာဏာပိုင်တွေရဲ့ ဖြတ်စားတာတွေ လုပ်စားတာတွေကို ကျနော်တို့လူတွေက သိလာကြတယ်။ သိလာတဲ့နောက် ကျနော်တို့အုပ်စုနဲ့ သူတို့နဲ့ ထိပ်တိုက်တိုးလာတယ်။ တည်လာတယ်။ ရိက္ခာဖြတ်တုတ်တဲ့ကိစ္စမှာ ကျနော်တို့နဲ့ အဓိကတည်ကြတာ။ ကျနော်မသိဘဲ နေမလားဗျာ။ ဆေးခန်းထွက် လူနာတွေနဲ့ ကျနော်နဲ့က နေ့တိုင်း ကြုံနေကြတာဲ မဟုတ်လား။ ဆေးရုံပြချင်သူတွေကို ကျနော်ဘဲတွေ့ရ။ ဆရာဝန်နဲ့ တွေ့ရမဲ့သူတွေကို ကျနော်ဘဲ စီစဉ်ပေးရတာ။ ဆေးတွေ ဘာတွေ ဝေတာလည်း ကျနော်ဘဲ။ ယားနာပေါက်သူ။ ဝဲပေါက်သူ။ ဝမ်းကိုက်သူ စတာတွေကို ဆေးတိုက်ပေးရ။ ဒီတော့ ကျနော်က သူတို့အခက်အခဲ ပြဿနာကို မကြားချင်မှအဆုံး ကြားနေရ သိနေရတာလေ။ ကျနော်တို့နဲ့ ရိက္ခာပြဿနာတည်လာတာနဲ့ ကွိုင်က စပူလာပြီ။ ကျနော်တို့က အဲဒီရိက္ခာဌာနက ထောင်ဝန်ထမ်းတွေထက် သာတာတခုက ထောင်ပိုင်ကို တိုက်ရိုက် ပြောခွင့်ရှိတယ်။ ထောင်ပိုင်က မှာထားတာက “မင်းတို့ ကြုံလာတဲ့ ပြဿနာဟူသမျှ အခက်အခဲ ရှိတာမှန်သမျှကို ငါ့ကို တိုက်ရိုက်ပြော။ ငါနဲ့ ဒါရိုက် လာဆွေးနွေးဆိုပြီး ကျနော်တို့ကို လုံးဝ ပစားပေးထားတာ။ ပထမတော့ ဒီပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ ကိုယ့်မိသားစုတွေဆီ အကူအညီတောင်းရတာပေါ့။ ကျနော်တို့ အမှုတွဲမိသားစုတွေကလည်း ပို့ပေးကြတယ်။ စားစရာတွေ အသီးအနှံတွေကို ဈေးက တောင်းလိုက် ချွတ်ပြီး လာပို့ကြတာပေါ့။ သားသမီးတွေက အပူကပ်တော့ မိဘတွေက တောင်းကြီး တောင်းငယ်တွေနဲ့ ထမ်းယူလာပြီး ထောင်ဝင်စာပို့ကြတယ်လေ။ ထောင်ဝင်စာမရှိသူတွေ အထောက်အပံ့ဖြစ်အောင် လုပ်ပေးတဲ့ သဘောပေါ့။ ထောင်ထဲမှာ နယ်ဘက်ကလူတွေက ထောင်ဝင်စာ ပုံမှန်မလာနိုင်သူတွေရှိတယ်။ မလာနိုင်သူတွေကို လာနိုင်သူတွေက မျှဝေပေးတဲ့စနစ်ကို ကျနော်တို့ အမှုတွဲတွေက စီမံပေးကြတယ်။ စားအိုးတွဲတွေကို တွဲပေးတာပေါ့လေ။ အဲဒီထောင်ဝင်စာကိုလည်း တခါတည်း ဖိုကြီးအရောက် ပို့ပေးကြတယ်။ အဲဒီလို အဲသလို။ တဘက်ကလည်း ထောင်ပိုင်ကိုတင်ပြပြီး တိုက်ပေးတာပေါ့။ တဘက်ကလည်း အိမ်က တောင်းကျွေးပေါ့။ မိဘတွေက ပံ့ပိုးပေးတာလည်း ပါတာပေါ့ ကိုကျော်”
“မယုံနိုင်လောက်အောင်ကို စိတ်ထားကြီးမြတ်ကြတဲ့ လုပ်ရပ်တွေဘဲနော်။ သိန်းအောင်ကျော် ကိုယ်တိုင် ပြောပြနေလို့သာ။ တကယ်လို့ တဆင့်စကား တဆင့်နား ကြားရရင် ဘယ်လိုမှ ယုံချင်စရာမရှိတဲ့ ထောင်ထဲက သမိုင်းတွေပါလား။ ဒီလို ရိက္ခာဌာနက ဖြတ်စားလပ်စား လုပ်တဲ့ဟာကို မကြေနပ်လို့ အစာမကြေလို့ Hunger Strike (အစာငတ်ခံ ဆန္ဒပြပွဲ) လုပ်ဖို့ စီစဉ်ကြတာပေါ့လေ။ သိန်းအောင်ကျော်တို့ ဘယ်လို ပုံသဏ္ဍာန်မျိုး စီစဉ်ကြတာလဲ”
2 Comment
Вызов врача особенно актуален, если близкий находится в запое несколько суток, плохо спит, практически не принимает питание, испытывает сильную слабость или не может самостоятельно справиться с похмельным синдромом. Нарколог приезжает на указанный адрес, проводит диагностику и определяет безопасный способ лечения. Срочный выезд позволяет начать помощь прямо сейчас, не заставляя зависимого самостоятельно приезжать в центр. В большинстве стандартных случаев врач может провести вывод на дому, однако решение всегда зависит от клинической картины.
Дополнительная информация – https://4.vyvod-iz-zapoya-moskva1-13.ru/
О необходимости обратиться к опытному наркологу могут говорить следующие проявления:
Получить больше информации – вывод из запоя на дому московская область