လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂၈ ​ဖေ​ဖော်ဝါရီ ၂၀၂၆)

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်တို့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေပြင်းထန်နေလို့ သိရပါတယ်။

“ ၂၅ ရက်ကတည်း ဂျက်ဖိုက်တာတွေ အနည်းဆုံး ၃ စင်းလောက်နဲ့လာလာပြီး ဗုံးလာကြဲတယ်။ အခုဆို မြို့ထဲကတောင် ကြားနေရတယ်။ လက်နက်ကြီး ပစ်သံတွေလည်း ကြားနေရတယ်” လို့ ဇလွန်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ တိုက်ပွဲပြန်လည် ပြင်းထန်နေတာ အမှန်ပဲ၊ မှော်ဘီလေတပ်ကနေ Y-12 တွေ တောက်လျောက် အဲဒီဖက်ကို သွားနေတာကို တွေ့ရတယ်။ ပြန်ဖြစ်နေတာကတော့ ၂၅ ရက်ကလို့ ပြောရမယ်။ ၂၅၊ ၂၆ ရက်ဆက်ကို အဲဒီဖက်ကို သွားနေတာ” လို့ စစ်ကော်မရှင်ရဲ့ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်မှတ်တမ်းတင်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ လေးမျက်နှာမြို့နယ်ဟာ ရေကြည်၊ မြန်အောင်၊ ဇလွန် နဲ့ ဟင်္သာတ စတဲ့ မြို့နယ်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာလည်း ဖြစ်ပါတယ်။

လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

နှင်းဆီးပန်း ရင်ထိုးတပ်လို့ ပိုင်ဇေရဲထွန်းကို တပ်ထောက်ခံသူတွေက အရေးယူခိုင်းနေ

ကျောက်တော် ဗုံးကြဲခံရမှုတွင် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၉ ဦးထိ ရှိလာ

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် အပိုင်း ၃၆

4 Comment

jogoscassino မတ် 19, 2026 - 2:48 မနက်

JogosCassino is a decent resource if you’re looking for info, But the navigation could be improved. Take a look: jogoscassino

ip88okvip မတ် 19, 2026 - 2:48 မနက်

Yo, been playing on IP88okvip lately and it ain’t bad, ya know? Quick payouts and a decent selection. Check it out ip88okvip.

jljl99app မတ် 19, 2026 - 2:48 မနက်

Tried Jljl99app on my phone. It’s pretty smooth, haven’t had any major issues so far. Worth a shot I reckon. Check this jljl99app out.

hghjfjdoss_ktkr ဧပြီ 17, 2026 - 6:17 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
This evolution has expanded the breadth of study fundamentally.

Add Comment