Languages%WP_TITLE_SEP%ဗမာစာ

စစ်တွေကို AA စတင် ထိုးစစ်ဆင်

အာရက္ခတိုင်းမ်စ် (၁၇ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကို အာရက္ခတပ်တော်အနေနဲ့ စတင်ထိုးစစ်ဆင်နေတယ်လို့ စစ်တွေမြို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “၁၅ ရက်နေ့ကတည်းက ဝါဘိုးရွာက စစ်ကောင်စီရဲ့ ခံစစ်တပ်ကို AA က သိမ်းလိုက်တယ်။ အဲဒါကြောင့် အဲနေ့ ညနေ ၃
Read more

ကျောက်နီမော် ပြည်သူများကို AA စားနပ်ရိက္ခာထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရပြီး အခက်အခဲဖြစ်နေသော ပြည်သူများကို ULA/AA က အရေးပေါ် ဆန်  (၁) ပတ်စာကို
Read more

စစ်တွေမြို့အနီး လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ စစ်ကောင်စီ လုပ်နေ

အာရက္ခတိုင်းမ်စ် ( ၁၆ ဇန်နဝါရီ ၂၀၂၅) စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်ကပင် ဒီနေ့မနက်ပိုင်းထိ စစ်တွေမြို့ အနီးဝန်းကျင်ကနေရာတွေကို လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
Read more

စစ်တွေမှာ ဆန်ကြမ်းရှားနေ၊ ‌ဒေသခံအနေနဲ့ စစ်ဘေးရှောင်လို ရင်ဆိုင်နေရ

အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ  ၂၀၂၅) လက်ရှိအကြပ်အတည်းကာလအတွင်း စစ်တွေမြို့မှာ ဒေသခံလူထု အားလုံးနီးပါး ဝယ်ယူစားသောက်နိုင်တဲ့ ဆန်ကြမ်းတွေဟာ ရှားပါးနေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဆန်ကြမ်းတွေဟာ ဝယ်ယူလို့ရပေမယ့် အနံ့နံတဲ့ ဆန်ကြမ်းအမျိုးအစားတွေသာဖြစ်ပြီး ဝယ်စားတဲ့သူမရှိတဲ့ ဆန်အကောင်းစားတွေကတော့ ပေါများတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်တွေမြို့ပေါ်မှာ
Read more

ပြင်ပရောက် ရက္ခိုင်တွေ ဖမ်းခံရတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရခြင်းဟု ပြော

အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၅) တိုက်ပွဲကြောင့် နေရပ်စွန်ခွာ ထွက်ပြေးလာတဲ့ သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကို ရောက်နေကြတဲ့ ရက္ခိုင်တွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်နေတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ ရက္ခိုင်တိုင်းရင်းသားတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ရန်ကုန် နဲ့ ဧရာဝတီတိုင်းတို့ကို တိမ်းရှောင်လာကြတဲ့
Read more

နိုင်ငံရေးလိုအပ်ချက်တွေ မပြည့်လို့ စစ်ရေးများ ပေါ်နေခြင်းဖြစ်ဟု ပြော

အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၅ ခုနှစ်) လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်စစ်ရေးပဋိပက္ခတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေလိုချင်တဲ့ နိုင်ငံရေးလိုအပ်ချက်တွေ မပြည့်တဲ့အတွက် ဖြစ်ပေါ်နေတာလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ရေးဟာ အဆုံးအရှုံးများတဲ့အတွက် နိုင်ငံရေးလိုအပ်ချက်၊ အာမခံချက်ကို ရနိုင်ပါက စစ်ရေးနည်းလမ်းကို သွားကြမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။
Read more

ကျောက်နီမော်ကို စကစ ဘာကြောင့်ဗုံးကြဲတာလဲ

အာရက္ခတိုင်းမ်စ် (၁၄ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကို စစ်ကောင်စီ ဘာကြောင့် ဗုံးကြဲတာလဲ။ ဘာသာရေး လူမျိုးရေး အဓိကရုန်း ဖြစ်အောင်လုပ်နေလား ရက္ခိုင်ပြည်က ပြည်သူ ပြည်သားတွေ ဘာတွေ ပြင်ဆင်သင့်လဲ စတာတွေကို နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ကြည် ကို အာရက္ခတိုင်းမ်စ်က
Read more

ရက္ခိုင်ပြည် ပေါက်တောမြို့ တောင်ညိုကျေးရွာကို စစ်တွေမြို့ရှိ စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅၃ နှစ်အရွယ် ဒေါ်မြသိန်းဝေ သေဆုံးခဲ့တဲ့အပေါ် ခင်ပွန်းဖြစ်သူ ဦးခင်မောင်အေးက ဖြစ်စဉ်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်

Video Credit – ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ
Read more