စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ၇ ဦးသေဆုံး ကားမီးလောင်

အာရက္ခတိုင်းမ်စ် (၂၄ ဖေဖော်ဝါရီ ၂၀၂၅)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်တွင် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး စစ်ကားလည်း မီးလောင်ပျက်စီးသွားတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို က ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၁ နာရီကျော်က စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ပါတဲ့ ယာဉ်တန်းဟာ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်း ရန်ကာကွယ်ရေးတပ်က လက်နက်ခဲယမ်းတွေကို သယ်ဆောင်ကာ ဆုတ်ခွာလာခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF – Asho ပျဉ်းဝစစ်ဆေးရေးဂိတ် နတ်ရေကန်လမ်းဟောင်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ယာဉ်တန်း ၄ စီး အနက် ၂ စီ’ မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ စစ်ကောင်စီတပ်သားလည်း များပြားတယ်လို့ CDF-Asho က ဆိုပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို အနေနဲ့ အဆိုပါတိုက်ပွဲတွင် လက်နက်ငယ် ၄ လက် နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာအချို့

မြိုကျောင်းသားလူငယ်တွေ AA နဲ့ လက်တွဲပြီး အစွန်းရောက်ဝါဒကို ပြတ်ပြတ်သားသား တွန်းလှန်းတိုက်ထုတ်ဖို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂတိုက်တွန်း

ပွဲကြိုက်တဲ့ စစ်တွေသားတွေအတွက် စကမ က သီတင်းကျွတ်ပွဲတော် ကျင်းပပေးမယ်