ရက္ခိုင်သမိုင်း နဲ့ ရူပဗေဒပညာရှင် ဆရာကြီးဦးစံသာအောင်ရဲ့ကြေးရုပ်တု ရန်ကုန်တက္ကသိုလ်တွင်ထားရှိ

အာရက္ခတိုင်းမ်စ် (၂၁ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်သမိုင်း နဲ့ ရူပဗေဒပညာရှင် ဆရာကြီးဦးစံသာအောင်ရဲ့ မွေးနေ့နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ပြီး ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ယနေ့ ထားရှိပါတယ်။

ဆရာကြီး ဦးစံသာအောင်ကို ရက္ခိုင်ပြည် စစ်တွေမြို့တွင် ၁၉၂၅ခုနှစ် ဖေဖော်ဝါရီ ၂၇တွင် မွေးဖွားခဲ့ပြီး အဖအမည်မှာ ဦးသာဇံဦး ဖြစ်ပြီး အမိအမည်မှာ ဒေါ်မဘု ဖြစ်ပါတယ်။

ဦးစံသာအောင် (၁၉၂၅ – ၁၉၈၁) သည် ရက္ခိုင် နဲ့ မြန်မာ လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ စာပေယဉ်ကျေးမှုနယ်ပယ် အသီးသီးတွင် ထင်ရှားသူဖြစ်ပြီး ၁၉၇၁-ခုနှစ် အမျိုးသားစာပေဆု၊ သုတပဒေသာ (သိပ္ပံနှင့်အသုံးချသိပ္ပံဘာသာရပ်) ဆုရ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်အတွက် အမျိုးသားစာပေဆုကို သိပ္ပံနှင့် အသုံးချ သိပ္ပံဘာသာရပ်၌ ‘ရူပဗေဒအကြောင်း သိကောင်းစရာ’ စာအုပ်ဖြင့် ဆွတ်ခူးရရှိခဲ့ပြီး ရက္ခိုင်အမျိုးသား စာဆိုများအနက် ဦးစံသာအောင်သည် အမျိုးသားစာပေဆုကို ပထမဦးဆုံး ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။

သိပ္ပံဆိုင်ရာ စာအုပ်များ ဖြစ်တဲ့ ရူပဗေဒအကြောင်းသိကောင်းစရာ (၁၉၇၁)၊ ကွန်ပျူတာ (၁၉၇၃)၊ အက်တမ်နှင့် နျူကလီးယားစွမ်းအင် (၁၉၇၄) စတဲ့ စာအုပ်များကိုလည်း ရေးသားပြုစုခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ကပစ ၁၆ ကို သိမ်းပိုက်နိုင်ရန် ပွိုင့် ၅၀၆ ကို AA ထိုးစစ်ဆင်

ကွင်းကောက် စစ်သင်တန်းကျောင်းကို စစ်အင်အား ထောင်ချီဖြည့်ပြီး ရက္ခိုင်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် စကမ ပြင်ဆင်

ညသန်းခေါင် ဂျက်ဖိုက်တာနဲ့ ကျောက်တော်ကို ဗုံးကြဲ(Breaking News)

1 Comment

skitterphoto.com ဧပြီ 13, 2026 - 4:59 ညနေ
Add Comment