ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး

ကြက်ဟင်းခါးသီးကို ပြုတ်တို့၊ ကြော်လှော်ချက်ပြုတ်ခြင်း အစရှိသဖြင့် နှစ်သက်သလို စားသုံးနိုင်သည်။ ကြက်ဟင်းခါးသီးကိုစားလျှင် အကြောတက်တတ်သည်။ သို့ရာတွင် အစေ့ညှာတိုင်နှင့် အစေ့ကိုဖယ်ရှားပြီး အသားကိုစားလျှင် အကြောမတက်ပါ။ ကြက်ဟင်းခါးသီးနှင့် မတည့်သော အစားအစာများမှာ မှိုနှင့် ကြက်သားတို့ ဖြစ်သည်။ အကြောတက်၊ အော့အန် တတ်သည်။ ကြက်ဟင်းခါးသီး၏ အခါးဓာတ်ကို လျော့ချလိုပါက ဆားရည်စိမ်ပြီးမှ ချက်ပြုတ်သင့်သည်။ ကြက်ဟင်းခါးသီးတွင် ပါဝင်သည့် အပင်ထွက် အင်ဆူလင်သည် ဆီးနှင့် သွေးထဲရှိ သကြားဓာတ်ကို လျော့ကျစေသည့် အကျိုးကျေးဇူး ရှိသည်။ ကြက်ဟင်းခါးသီးသည် သွေးတွင်း အင်ဆူလင်အဆင့်ကို တိုးစေခြင်းမျိုးမရှိဘဲ ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေခြင်းမျိုးဖြစ်သည်။ ကြက်ဟင်းခါးသီးကို စားခြင်းအားဖြင့်

– သွေးချို၊ ဆီးချို ရောဂါသည်များ၏ ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို လျှော့ချပေးခြင်း၊

– ကင်ဆာရောဂါများနှင့် အခြားသော ပြင်ပရောဂါများ ကူးစက်မှုမှ ကာကွယ်ပေးခြင်း၊

– ဝမ်းချုပ်တတ်သူများနှင့် အနီရောင် အပိန့်များ စသည့် ရောဂါများမှ ကာကွယ်ပေးခြင်း

– သွေးလည်ပတ်မှုစနစ် ကောင်းမွန်ပြီး ခန္ဓာကိုယ် သွယ်လျ လှပစေခြင်း၊

– ပုံမှန်စားသုံးပေးပါက သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊

– မျက်စိနှင့် အာရုံကြောစနစ်အတွက် ကောင်းမွန်စေခြင်း၊

– သွေးသန့်စင်စေခြင်း၊

– လိပ်ခေါင်းရောဂါသမားများအတွက် အရည်ဖျော်တိုက်ပါက သက်သာစေခြင်း၊

– ပန်းနာရင်ကြပ်သမားများအတွက် သက်သာစေခြင်း၊

– အရက်စွဲသူများအတွက် အရွက်ကို အရည်ဖျော်တိုက်ပေးခြင်းဖြင့် အရက်ကြောင့်ဖြစ်သည့် ရောဂါများကို ကာကွယ်နိုင်ခြင်း စသည့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။

ငွေကြေးအကုန်အကျ သက်သာစေပြီး လူ့ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေသည့် ကြက်ဟင်းခါးသီးကို ဟင်းလျာအဖြစ် ကြော်လှော်ချက်ပြုတ်၍ စားသုံးခြင်းဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးများ ဖော်စပ်ရာတွင်လည်းကောင်း တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြောင်း ရေသားလိုက်ရပါသည်။

အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်

Related posts

စက်တင်ဘာ ၁၁ ဖြစ်ရပ်နောက်ပိုင်း ပြောင်းလဲလာတဲ့ အကြမ်းဖက်ဝါဒရဲ့ မျက်နှာစာအသစ်

အာရက္ခနိုင်ငံတော် ထူထောင်ခြင်း

ရက္ခိုင်သည် အာရီယန်မဟုတ်

2 Comment

TylerRUg စက်တင်ဘာ 3, 2026 - 1:17 မနက်

В клинике «Основа» применяется комплексный подход к лечению алкогольной интоксикации. Программа включает использование нескольких групп препаратов, каждая из которых решает конкретную задачу в процессе восстановления:
Выяснить больше – капельница от запоя недорого в новосибирске

TylerRUg စက်တင်ဘာ 3, 2026 - 12:10 ညနေ

Группа препаратов
Ознакомиться с деталями – https://kapelnica-ot-zapoya-novosibirsk8.ru/kapelnica-ot-zapoya-vyzov-v-novosibirske

Add Comment