ကျောက်ဖြူကို စစ်ကောင်စီက အဝင်အထွက် တင်းကျပ်ပြီး ကန့်သတ်လာ
အာရက္ခတိုင်းမ်စ် (၆ မတ် ၂၀၂၅) ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်ကနေစပြီးတော့ စစ်ကောင်စီက မြို့အတွင်းကို အဝင်အထွက်တွေ ကန့်သတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က စက်လှေတွေကို ကျောက်ဖြူမြို့အတွင်း ဝင်ထွက်ခွင့် ပြုထားပေမယ့် ဓညဝတီ ရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော်က တိုက်ခိုက်တဲ့အချိန်ကနေစပြီးတော့ ဝင်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
Read more